ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်း အမှတ်စဉ် - ၄၁ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၅


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ဒီပလိုမာစာရင်း ကိုင်(Diploma In Accounting- DA)(ပထမပိုင်း) သင်တန်း အမှတ်စဉ်- ၄၁  သင်တန်းဆင်းပွဲ  အခမ်း အနားကို    ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    စုပေါင်းခန်းမ၌ ကျင်းပသည်။

 


နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်


အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ဒီပလိုမာစာရင်းကိုင်သင်တန်း သည် စာရင်းစစ်နှင့် စာရင်းကိုင်ပညာရပ် လေ့လာ သင်ယူသူများအတွက်   အခြေခံကောင်းများရရှိပြီး စာရင်းပညာကျွမ်းကျင်သူများဖြစ်လာစေမည့် အရေး ပါသော  သင်တန်းတစ်ခုဖြစ်ကြောင်း၊  စာရင်းပညာ သည်   နိုင်ငံ၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ပညာရပ်ဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်း များနှင့်  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌  စာရင်း ပညာဖြင့် လုပ်ငန်းများဆောင်ရွက်ကြရာတွင်  ပညာ ရပ်ဆိုင်ရာ အရည်အချင်းများ  ပြည့်ဝစွာဖြင့်    နိုင်ငံ တကာ စာရင်းစံများနှင့်အညီ  ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ ကျင့်ဝတ်သိက္ခာများနှင့်အညီ တာဝန် ယူမှု၊   တာဝန်ခံမှုရှိစွာဖြင့်  ဆောင်ရွက်ကြရန်လို ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍတွင် ဝီရိယ၊ သိက္ခာ၊ ဉာဏ၊ သမာဓိရှိစွာ ဖြင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက် နိုင်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။ 

 


အဆိုပါသင်တန်းကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် ၁၀ လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဝန်ကြီးဌာန/အဖွဲ့အစည်း ၁၃ ခု၏ ဦးစီးဌာန/လုပ်ငန်း  ၁၇  ခုတို့မှ သင်တန်းသား   ၃၈  ဦး တက်ရောက် ပြီးမြောက်ခဲ့ကြောင်းနှင့် လာမည့်စက်တင်ဘာလတွင် အရည်အချင်းစစ်စာမေးပွဲ   ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ 

 


သင်တန်းဆင်းအမှာစကား ပြောကြား


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ကျင်းပသည့် အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်-၁၀၀ သင်တန်းဆင်းပွဲအခမ်းအနားသို့   တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 


ယင်းသင်တန်းကို စာသင်ခန်းတက်ရောက်(Face To Face) ဖြင့် သုံးလကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အလယ် အလတ်အဆင့် (Grade-2) သင်တန်းတွင် သင်တန်းသား  ၁၃၆ ဦး၊ အဆင့်မြင့် (Grade-3) သင်တန်းတွင် သင်တန်းသား  ၆၈ ဦး  စုစုပေါင်း သင်တန်းသား  ၂၀၄ ဦး  တက်ရောက်ပြီးမြောက်ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်