
ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
===========================================================
နေပြည်တော် စက်တင်ဘာ ၉
ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ခင်လေးစားရပါသော မိဘပြည်သူ တိုင်းရင်းသား မောင်နှမအပေါင်းတို့ရှင်-
ကျွန်မတို့ရဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဖွဲ့စည်းထူထောင်လာတဲ့ကာလ ဟာ ဆယ်စုနှစ်တစ်ခုသာရှိသေးပေမယ့် စပြီးတာထွက်ကတည်းက ကျွန်မတို့ ပါတီရဲ့ အဓိကဦးတည်ချက်ဟာ “လူဖြစ်ကျိုးနပ်စေရေး” ဖြစ်ပါတယ်။
နိုင်ငံတိုင်းဟာ နိုင်ငံသူ နိုင်ငံသားများဖြစ်ကြတဲ့ လူသားတွေနဲ့ ပါဝင် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအရေးအကြီးဆုံး လုပ်ဆောင်ရမယ့်အချက်ဖြစ်ပါတယ်။ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး ကြိုးပမ်းလုပ်ဆောင်မှုဟာ “လူဖြစ်ကျိုးနပ်စေရေး” ပဲ ဖြစ်ပါ တယ်။
လူဖြစ်ကျိုးနပ်စေရေးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ မွေးကင်းစကလေး ငယ်ကစပြီး အစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အထူးလိုအပ်ပါ တယ်။ မွေးကင်းစကလေးငယ်လို့ဆိုတာထက် ကိုယ်ဝန်ဆောင်မိခင်လောင်း များရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်ပါတယ်။ ဒီအချက်ကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့ကြီးတွေမှာ ခေတ်မီ သားဖွားဆေးရုံ၊ ကလေးဆေးရုံနဲ့ အထွေထွေရောဂါကုဆေးရုံကြီးတွေ ရှိရုံနဲ့ မလုံလောက်သေးဘဲ ကျေးလက်ဒေသတွေမှာ ဆေးခန်းတွေ၊ ကျွမ်းကျင်ဝမ်းဆွဲ ဆရာမတွေ၊ ဆေးဝါးအစုံအလင်နဲ့ ဆေးရုံသုံးပစ္စည်းကိရိယာ အစုံအလင်ရှိဖို့ လည်း လိုအပ်ပါတယ်။ ခရိုင်ဆေးရုံမှာ အထွေထွေရောဂါကုဆရာဝန် အနည်းဆုံးတစ်ဦးလည်း ရှိသင့်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးဘဝကနေ လူငယ်ဘဝကူးပြောင်းလာချိန်မှာ ကျန်းမာရေးနဲ့အတူ ပညာရေးပါ ဒွန်တွဲပါဝင် လာပါတယ်။
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသလို မြန်မာနိုင်ငံတော်ကြီးရဲ့ အနာဂတ်ကာလဟာ ယနေ့လူငယ်တွေရဲ့ လက်ထဲမှာရှိနေပါတယ်။ ဒါကြောင့် လူငယ်များဟာ ဗလငါးတန်ဖြစ်တဲ့ (၁) ကာယဗလ၊ (၂) ဉာဏဗလ၊ (၃)ဘောဂ ဗလ၊ (၄)မိတ္တဗလ၊ (၅)စာရိတ္တဗလတို့နဲ့ ပြည့်စုံညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ မှာ- “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး နှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”ဟု ထည့်သွင်း ဖော်ပြထားပါတယ်။ အနာဂတ်မျိုးဆက်သစ်များကို ပါတီစုံဒီမိုကရေစီ စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာတတ်ဖို့နဲ့ ဥပဒေ ဘောင်အတွင်းက အခွင့်အရေးနဲ့ တာဝန်ဝတ္တရားကို တာဝန်ယူထမ်းဆောင် တတ်အောင် သင်ယူနိုင်စွမ်းရှိဖို့ အလေးပေး ဆောင်ရွက်မှုဟာလည်း “လူဖြစ်ကျိုး နပ်စေရေး”ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံသား စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်တွေ နိုးကြားသည်ထက်နိုးကြားအောင် ပြုလုပ် ပေးဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းလိုစိတ်များ တဖွားဖွားပေါ်ပေါက် လာအောင် အပတ်တကုတ် လုပ်ဆောင်ပေးတာလည်း ‘လူဖြစ်ကျိုးနပ်စေရေး’ ဦးတည်ချက်တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစအချိန်က ရှေ့တန်း ခေါင်းဆောင်တစ်ဦး ပြောကြားခဲ့တာကို ဖတ်ဖူးမှတ်ဖူးပါတယ်။ ဗြိတိသျှ နယ်ချဲ့သမားတွေကို တော်လှန်ခဲ့စဉ်က နိုင်ငံရေးခေါင်းဆောင်တွေ ပြောဖူးတဲ့ စကားတွေအားလုံးကို စုပေါင်းကြည့်လိုက်ရင် အရေးကြီးဆုံးအချက်တစ်ချက်ပဲ ထွက်လာပါတယ်။ အဲဒါကတော့ ‘အင်္ဂလိပ်လက်အောက်ကလွတ်ရင် မြန်မာ တွေချမ်းသာမယ်’ ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေးရလာ ပြန်တော့ လွတ်လပ်ရေးရပြီး ကျွန်တော်တို့ ကျွန်မတို့ ဘယ်လိုအကျိုးခံစားရမလဲ လို့ ပြည်သူလူထုက မေးလာကြပြန်ပါတယ်။
အခုလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အချိန်ကျရောက်လာပြန် ပါပြီ။ နိုင်ငံရေးပါတီအသီးသီးက မိမိပါတီကို ဆန္ဒမဲပေးဖို့ စည်းရုံးကြမှာဖြစ်ပါ တယ်။ အဲဒီလို စည်းရုံးတဲ့အခါ မြန်မာပြည်သူလူထု အရေးတကြီး ဘာလိုအပ် နေတယ်ဆိုတာ အစဉ်တစိုက် အလေးပေး လေ့လာနေတာကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)အနေနဲ့ ပြည်သူလူထု ဘာလိုအပ်နေသလဲလို့ မေးစရာမလိုသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချီပြီး ပြည်သူအားလုံး တန်းတူညီမျှ အကျိုးခံစားခွင့်ပေးရမှာဖြစ်တဲ့ နိုင်ငံ့တာဝန်တွေကိုလည်း ကျွန်မတို့ ပါတီအနေနဲ့ အလွယ်တကူ လုပ်ပေးပါ့မယ်ဆိုတဲ့ ကတိစကားတွေ မပေးလိုပါဘူး။ ပြည်သူလူထုတစ်ရပ်လုံးကသာ နိုင်ငံသားကောင်းများပီပီ ဘယ်လိုတာဝန်တွေ ပါဝင်ထမ်းဆောင်ရမလဲလို့မေးကြပါ။ အဖြေက ရှင်းပါတယ်။ တာဝန်တွေ အများ အပြားရှိတဲ့အထဲက အရေးကြီးဆုံးတာဝန်ကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကြီးကို ဥမကွဲ သိုက်မပျက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပစ္စည်း ကြွယ်ဝချမ်းသာတဲ့ နိုင်ငံ ဖြစ်သလို လူ့စွမ်းအင်အရင်းအမြစ်လည်း ထည်ဝါမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ သဘာဝသယံဇာတပစ္စည်းကြွယ်ဝချမ်းသာမှု လူ့စွမ်းအင်အရင်းအမြစ် ထည်ဝါ မှုမရှိပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအင်အားကြောင့် ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတွေရှိနေတာ အားလုံးအသိပါပဲရှင်။
အဆုံးအဖြတ်တစ်ခုဟာ ကာလ၊ ဒေသ၊ ပယောဂ ဆီလျော်မှုရှိဖို့လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမှာ အခုလတ်တလော လိုအပ်ချက်ဟာ ပူးပေါင်းဆောင်ရွက်ရေး၊ ညီညွတ်ရေးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ သင်္ကေတ အမှတ်တံဆိပ်ဟာ အဓိပ္ပာယ်အများအပြားရှိပါတယ်။ ‘က’ နေတဲ့ ဥဒေါင်းငှက်ဖြစ် တာကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး ကခုန်မြူးထူး ပျော်ရွှင်နေ စေလိုတဲ့ သဘောဆောင်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးရဲ့ မျှော်မှန်း ချက်ဟာလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဖွံ့ဖြိုးတိုးတက် ဝမ်းမြောက် ရွှင်လန်းခြင်းတို့ ဖြစ်ပါတယ်။ ‘က’ နေတဲ့ ဥဒေါင်းငှက်ကို အရွယ်တူကြယ် (၁၄) လုံး ဝန်းရံထားပါတယ်။ အဓိပ္ပာယ်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄)ခု တန်းတူညီမျှတဲ့ အခွင့်အရေးများရရှိစေရမယ့် သဘောဆောင်ပါတယ်။ မြေပေါ်၊ မြေအောက်သဘာဝသယံဇာတပစ္စည်း လှိုင်လှိုင်ပေါများပြီး ချမ်းသာကြွယ်ဝမှုကို ဖော်ညွှန်းတဲ့ ရွှေဝါရောင် နောက်ခံပေါ်မှာ ‘က’ ဒေါင်းစိမ်းနဲ့ အနီရောင်ကြယ် (၁၄)လုံးတို့ ငွားငွားစွင့်စွင့် ပေါ်လွင်နေပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ အဓိက ဦးတည်ချက်ဟာ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံသားများအနေနဲ့ စည်းကမ်းပြည့်ဝမှု တန်းတူ ညီမျှမှုတို့ကို အခြေခံဒီမိုကရေစီအခွင့်အလမ်းများနဲ့အညီ ရရှိခံစားနိုင်ရေး
(၂) တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေး
(၃) အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အပေါ် အခြေခံ ပြီး ခိုင်မာတည်ငြိမ်မှုရှိတဲ့ နိုင်ငံတော်အဖြစ် မြင်တွေ့လိုခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို ဘယ်လိုအရည်အချင်းနဲ့ ရွေးချယ်ထားသလဲလို့မေးရင် စိတ်ကောင်းရှိပြီး ရိုးသားဖြောင့်မတ်သူကို ဦးစားပေးရွေးချယ်ပါတယ်လို့ ပြောရ မှာဖြစ်ပါတယ်။ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ နာယကဆရာတော် အရှင်ဇနက္ကာဘိဝံသ ဆရာတော်ကြီးရဲ့ ကျောင်းတိုက်ကြီးမှာ ပညာသင်ကြားနိုင် တဲ့ ရဟန်းသံဃာတော်တွေကို ရွေးချယ်ရာမှာ အချက်(၁၀)ချက်ပေါ်မှာ မူတည်ပြီး ရွေးချယ်တယ်လို့ သိရပါတယ်။
အဲဒီအချက် (၁၀)ချက်ထဲမှာ စိတ်ကောင်းရှိဖို့ဆိုတဲ့အချက်ကို နံပါတ်(၁)အချက်အနေနဲ့ ဦးစားပေးဖော်ပြထားတာတွေ့ရပါတယ်။ စိတ်ကောင်းသာရှိမယ် ဆိုရင် တခြားအားနည်းချက်တွေ ရှိမယ်ဆိုရင်တောင် အဲဒီအားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ ဒေါသ မာန်မာနစိတ်တွေ မဖြစ်စေဘဲ သူတစ်ပါးကို ရိုသေလေးစား စိတ်၊ ပျော့ပျောင်းနူးညံ့တဲ့စိတ်ဓာတ်၊ စိတ်ထားရင့်ကျက်ပြီး တည်ငြိမ်သူများ အဖြစ် လူဖြစ်ကျိုးနပ်စေရန်အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးမည့် သူများ ဧကန်မလွဲဖြစ်ကြမှာပါ။ မဖြစ်မနေ ဆန္ဒမဲပေးကြဖို့လည်း မေတ္တာရပ်ခံပါ တယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
Music Producer YMW
Vocalist Kyi Naing Tun
V1: ရောင်နီတွေလာခါနီးပြီ မှောင်မိုက်တဲ့ ညတွေအလွန်
နွေလယ်ခေါင် အပူဒဏ်တွေကို ….. အို ချွေးသိပ်ပေးချင်လို့
ရဲရင့်တဲ့ နှလုံးသားနဲ့ ဒို့တစ်တွေ ချီလာပြီ
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
V2: ပူပန်စရာအချိန်တွေပြီးပြီ….အိပ်ပျက်ညတွေအလွန်
ဝေဒနာအိပ်မက်ဆိုးတွေ…မေ့ပျောက်သွားစေဖို့
နူးညံ့တဲ့နှလုံးသားနဲ့ ဒို့တစ်တွေ ချီလာပြီ
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
Cho: အသည်းကြားက မဲတစ်ပြားနဲ့ တာဝန်သာပေး
ကျေပွန်စွာ ထမ်းဆောင်မယ်လေ
ဒီပြည်ထောင်စုကြီးအတွက်
အသက်ပေးလို့ ဆောင်ရွက် မည်
ဒီမိုကရက်တစ်ပါတီ
မြန်မာပြည်
V3: မြန်မာနိုင်ငံကြီး….
အံ့မခန်းဖြစ်စေမည်
ပြည်သူတွေစုစည်း…
တွဲလက်မြဲစေမည်
နွေးထွေးတဲ့နှလုံးသားနဲ့
ဒို့တစ်တွေ ချီလာပြီ
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
Cho: အသည်းကြားက မဲတစ်ပြားနဲ့ တာဝန်သာပေး
ကျေပွန်စွာ ထမ်းဆောင်မယ်လေ
ဒီပြည်ထောင်စုကြီးအတွက် အသက်ပေးလို့ဆောင်ရွက်မည်
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
Bridge: သွေးစည်းကြစို့….. စည်းလုံးကြစို့….ရိုင်းပင်းကြစို့….
ညီအစ်ကိုတွေ…..
Cho: ဒီပြည်ထောင်စုကြီးအတွက် အသက်ပေးလို့ဆောင်ရွက်ကြမယ်
(တို့အတူ)
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်
V1: အလုပ်အကိုင် အခွင့်လမ်းတွေ ဖော်ဆောင်မယ် ပြည်သူ့အကျိုး အတွက်လေ ခေတ်ရှေ့ပြေးတဲ့ နိုင်ငံတော်ကြီး ကမ္ဘာနဲ့ ရင်ပေါင်တန်း မည် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ကူညီကာဖေးမပေးဖို့ ဆောင်ရွက် မယ်လေ စုပေါင်းအင်အားနဲ့ ဒီနိုင်ငံတော်အကျိုးအတူတူ သယ်ပိုး မယ်လေ
Pre: ဒီပြည်ထောင်စုအတွက်
Cho: လာလေ လာကြဟေ့ မဲရုံဆီကိုသွားကြမယ်
လာလေ လာကြဟေ့ အသည်းကြားက မဲတစ်ပြားလေးကို
လာလေ လာကြဟေ့ လူဖြစ်ကျိုးနပ်စေမယ့်
ဒီမိုကရက်တစ်ပါတီ မြန်မာကို မဲပေးစို့
V2: နိုင်ငံတော်အတွက် မျိုးဆက်သစ်တွေ ပညာအရည်အချင်းပြည့်ဝဖို့လေ
ခေတ်မီပညာရေးစနစ်သစ်တွေ စီမံဖို့က အဓိကပဲလေ
မနိမ့်ကျစေရဘူး ရင်သွေးတွေ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်စေဖို့လေ
မြန်မာ့သားကောင်းဇာနည်တွေ ပေါ်ထွန်းဖို့ကြိုးစားမယ်လေ
Pre: ဒီပြည်ထောင်စုအတွက်
Cho: လာလေ လာကြဟေ့ မဲရုံဆီကို သွားကြမယ်
လာလေ လာကြဟေ့ အသည်းကြားက မဲတစ်ပြားလေးကို
လာလေ လာကြဟေ့ လူဖြစ်ကျိုးနပ်စေမယ့်
ဒီမိုကရက်တစ်ပါတီ မြန်မာကို မဲပေးစို့
V3: လူကျန်းမာရင် စိတ်ကျန်းမာတယ် ပြည်သူတွေ ကိုယ်ရော စိတ်ရော
ချမ်းသာစေမယ်
ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည်နယ်နဲ့တိုင်း ဖွံ့ဖြိုးစေမယ်
Pre: ဒီပြည်ထောင်စုအတွက်
Cho: လာလေ လာကြဟေ့ မဲရုံဆီကိုသွားကြမယ်
လာလေ လာကြဟေ့ အသည်းကြားက မဲတစ်ပြားလေးကို
လာလေ လာကြဟေ့ လူဖြစ်ကျိုးနပ်စေမယ့်
ဒီမိုကရက်တစ်ပါတီ မြန်မာကို မဲပေးစို့
Bridge: အဝါရောင်လေး အဝါရောင်လေး အဝါရောင်လေးနဲ့ ကဒေါင်းဟေ့
ကြယ်နီဆယ့်လေးလုံး ကာရံထားတဲ့ အစိမ်းရောင် ကဒေါင်းလေး
အဝါရောင်လေး အဝါရောင်လေး အဝါရောင်လေးနဲ့ ကဒေါင်းဟေ့
ကြယ်နီဆယ့်လေးလုံး ကာရံထားတဲ့ အစိမ်းရောင်ကဒေါင်းလေး
Cho: လာလေ လာကြဟေ့ မဲရုံဆီကိုသွားကြမယ်
လာလေ လာကြဟေ့ အသည်းကြားက မဲတစ်ပြားလေးကို
လာလေ လာကြဟေ့ လူဖြစ်ကျိုးနပ်စေမယ့်
ဒီမိုကရက်တစ်ပါတီ မြန်မာကို မဲပေးစို့
- Log in to post comments