ဒီမိုကရေစီဆိုတာ . . .

Type
1

 

ကျော်ကျော်လှိုင် ( SMART )

 

ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်အခြေခံအချက်များကို ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးက  အမျိုးမျိုးသတ်မှတ်ကြပါသည်။ ဤအခြေခံအချက်များသည် ဒီမိုကရေစီ ပြည့်ဝ သော လူ့အဖွဲ့အစည်းအတွက် အလွန်လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်စံနှုန်းများ ထပ်တူတပ်မျှ တူညီချင်မှ တူညီမည်ဖြစ်သော်လည်း အောက်ဖော်ပြမည့် အခြေခံအချက်များအားလုံးလိုလို ပြည့်စုံမှသာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ပါမည်။

 


၁။ နိုင်ငံသားတိုင်း ပါဝင်မှု 


နိုင်ငံသားများ  အစိုးရအဖွဲ့တွင်  ပါဝင်ခွင့်ရှိခြင်း သည် ဒီမိုကရေစီ၏  အရေးပါသော အချက်ဖြစ်ပါ သည်။ နိုင်ငံသားများပါဝင်ခြင်းသည်  အခွင့်အရေး ထက် တာဝန်ဖြစ်ပါသည်။   ပါဝင်ခြင်းဟုဆိုရာတွင် ရွေးကောက်ပွဲတွင်     ဝင်ရောက်ယှဉ်ပြိုင်အရွေးခံ ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခြင်း၊  လူထုဆွေးနွေး ပွဲများကို  တက်ရောက်ခြင်း၊  လူမှုရေး  အဖွဲ့အစည်း များတွင် ပါဝင်ခြင်း၊ အခွန်ပေးဆောင်ခြင်း ၊ မီတာခ ပေးဆောင်ခြင်း  စသည်တို့  ဖြစ်ပါသည်။ နိုင်ငံသား တိုင်းပါဝင်မှသာ ပြည့်စုံကောင်းမွန်သော ဒီမိုကရေစီ ဖြစ်ပါမည်။

 


၂။ တန်းတူညီမျှမှု


နိုင်ငံသားတိုင်း      တန်းတူညီမျှမှုရှိရမည်။ နိုင်ငံသားတစ်ဦးသည်       လူမျိုးကြောင့်သော်လည်း ကောင်း၊     ဘာသာကြောင့်သော်လည်းကောင်း၊   ကျား/မ      ကွဲပြားမှုကြောင့်သော်လည်းကောင်း၊ ကိုယ်ခန္ဓာ  ချို့ယွင်းမှုကြောင့်သော်လည်းကောင်း  ခွဲခြားဆက်ဆံမှုမရှိစေဘဲ  တန်းတူညီမျှသော  အခွင့် အရေးရရှိရပါမည်။   တစ်ဦးချင်းဖြစ်စေ၊   လူမျိုးစု တစ်စုဖြစ်စေ   ကွဲပြားခြားနားသော   ယဉ်ကျေးမှု၊ ဘာသာစကားနှင့်    မိရိုးဖလာ   ယုံကြည်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိရပါမည်။

 


၃။ နိုင်ငံရေး သဘောထားကြီးမှု


ဒီမိုကရက်တစ် လူ့အဖွဲအစည်းများသည် နိုင်ငံ ရေး  သဘောထားကြီးမှု   ပြည့်စုံရမည်။  ဆိုလိုသည် မှာ   အများစု၏   သဘောထားကို  လိုက်နာရမည် ဖြစ်သော်လည်း အနည်းစု၏ ရပိုင်ခွင့်များကို အကာ အကွယ်ပေးရပါမည်။ အနိုင်ရသည့်ပါတီ  မဟုတ် သည့်   ပါတီငယ်များသည်   သဘောထားများကို လွတ်လပ်စွာ  ထုတ်ဖော်ခွင့်ရှိရပါမည်။  နိုင်ငံသား တိုင်းသည်လည်း    မိမိနှင့်သဘောထားမတူသည့် အမြင်များကို   သဘောထားကြီးစွာ   လေးစားအသိ အမှတ်ပြုရမည်။   ကိုယ်နှင့်မတူ  ကိုယ့်ရန်သူဟု သတ်မှတ်ခြင်းသည် ဒီမိုကရေစီ မဟုတ်ပါ။ 

 


အထူးသဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် စုစည်း ထားသော     မြန်မာနိုင်ငံတွင်   လူမျိုးကွဲပြားမှု၊ ဘာသာရေးကွဲပြားမှု၊   ယဉ်ကျေးမှု  ကွဲပြားမှုတို့ များစွာရှိပါမည်။   အမြင်များလည်း  ကွဲပြားခြားနား ပါမည်။   ကွဲပြားခြားနားမှုသည်  အားဖြစ်ပါသည်။ အားကြီးသည့်    လူများစု၊  အနိုင်ရသည့်ပါတီက လူနည်းစု  သို့မဟုတ်  အတိုက်အခံပါတီ၏  အခွင့် အရေးများကို  လက်မခံခြင်း၊  ဖြိုဖျက်ရန် ကြိုးစား ခြင်းသည်  ဒီမိုကရေစီကို  ဖြိုလှဲခြင်းဖြစ်ပါသည်။ 

 


ဒီမိုကရေစီ၏  ရည်မှန်းချက်မှာ  လူ့အဖွဲ့အစည်း အတွက်   အကောင်းဆုံးအရာများကို ဖော်ဆောင် ပေးမည့် ဆုံးဖြတ်ချက်များ ချရန်ဖြစ်ပါသည်။ ဤသို့ လုပ်ဆောင်ရန်အတွက်   နိုင်ငံသားတိုင်း၏  အမြင် နှင့်   သဘောထားကိုသိရန်နှင့်  လေးစားရန်အရေး ကြီးပါသည်။ ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်၊ မေးခွန်းထုတ် ခွင့်များရရှိခဲ့လျှင်  သဘောမတူသည့်  ဆုံးဖြတ်ချက် ဖြစ်သည့်တိုင်  လူနည်းစုက  လက်ခံလာမည်ဖြစ်ပါ သည်။ 

 


၄။ တာဝန်ခံခြင်း 


ရွေးကောက်ခံကိုယ်စားလှယ်များ   ပါဝင်သော ရွေးကောက်ခံအစိုးရသည်  ပြည်သူကို တာဝန်ခံရပါ မည်။   ရွေးကောက်ခံအစိုးရသည်   မိမိလုပ်ဆောင် ချက်များကို   မှားသည် ဖြစ်စေ၊  မှန်သည်ဖြစ်စေ တာဝန်ခံရပါမည်။  ပြည်သူ၏အသံကို  နားထောင်ပြီး ပြည်သူ၏  လိုအပ်ချက်ကို  ဖြည့်ဆည်းပေးရပါမည်။

 


၅။ ပွင့်လင်းမြင်သာမှုရှိခြင်း


အစိုးရသည်      ပွင့်လင်းမြင်သာမှုရှိရပါမည်။ အဂတိတရား   ကင်းရှင်းရပါမည်။   လူထုအစည်း အဝေးများလုပ်ပြီး   အစိုးရ၏  လုပ်ဆောင်ချက်များ   ပြည်သူကို   အသိပေးရပါမည်။  ဆုံးဖြတ်ချက် များကို  မည်သို့ချသည်၊   မည်သူချသည်ကို   ပြည်သူ နှင့်မီဒီယာအား အသိပေးရပါမည်။  မီဒီယာလွတ်လပ် ခွင့် ရှိရပါမည်။ 

 


၆။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခြင်း


ပြည်သူများက   ပြည်သူကို  ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ       ရွေးချယ်တင်မြှောက်ခြင်း သည်   ဒီမိုကရေစီ၏   အနှစ်သာရဖြစ်ပါသည်။ သို့ဖြစ်၍    ရွေးကောက်ပွဲများသည်  လွတ်လပ်ပြီး တရားမျှတသော    ရွေးကောက်ပွဲဖြစ်ရပါမည်။ ရွေးကောက်ပွဲမတိုင်မီနှင့်  ရွေးကောက်ပွဲကာလတွင် ခြိမ်းခြောက်ခြင်း၊ မဲမသမာမှုပြုလုပ်ခြင်း ၊  မဲစာရင်း မှားခြင်းတို့သည်   လွတ်လပ်ပြီး  တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ပါ။  ရွေးကောက်ခံကိုယ်စား လှယ်အားလုံးသည်လည်း   အခွင့်အရေး   တူညီစွာ မဲဆွယ်စည်းရုံးခွင့် ရရပါမည်။  

 


၇။ တရားသော စီးပွားရေး လုပ်ဆောင်ခွင့်
တရားဥပဒေက   ခွင့်ပြုထားသော  စီးပွားရေး လုပ်ငန်းများကို     ပြည်သူတိုင်း   လုပ်ပိုင်ခွင့်ရှိရမည်။ ဒီမိုကရေစီနိုင်ငံ  အများစုတွင်   ဈေးကွက်စီးပွားရေး စနစ်ကို   ကျင့်သုံးသည်။   မြန်မာနိုင်ငံ၏   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ  ဥပဒေအခန်း(၁)နိုင်ငံတော်အခြေခံ မူများ  အပိုဒ် ၃၅  တွင်   “ မြန်မာနိုင်ငံ၏    စီးပွားရေး စနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်။ အစိုးရက  စီးပွားရေးဝင်ရောက် လုပ်ခွင့်ရှိသည်၊ မရှိသည်ကတော့  နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ  ကွဲပြားမှုများရှိပါသည်။  စီးပွားရေးလုပ် သည့်အခါ    တရားသောယှဉ်ပြိုင်မှု   ဖြစ်ရန်ကိုမူ    အစိုးရက ထိန်းကျောင်းရမည်ဖြစ်ပါသည်။

 


၈။ အာဏာကို အလွဲသုံးစားခြင်း 


အာဏာ အလွဲသုံးစားခြင်းကို ကာကွယ်နိုင်မှသာ နိုင်ငံတစ်နိုင်ငံ၏  ဒီမိုကရေစီ  ဖွံ့ဖြိုးတိုးတက်ပါ မည်။ အာဏာရှိသူ၊  သြဇာရှိသူက  အာဏာကိုသုံးပြီး အဂတိလိုက်စားခြင်းများ  ပြုလုပ်ခဲ့လျှင်   ပြည်သူ့ ဘဏ္ဍာများဆုံးရှုံးရမည်    ဖြစ်ပါသည်။    နိုင်ငံ   တော်တော်များများတွင်    ဤအချက်ကိုကာကွယ်ရန်၊ တားဆီးရန်၊    အရေးယူရန်၊  လွတ်လပ်သောအဖွဲ့ အစည်းများ၊  ကော်မရှင်များ၊  တရားရုံးများဖွဲ့စည်း ထားရှိပါသည်။

 


၉။  လူ့အခွင့်အရေး


ဒီမိုကရက်တစ်  နိုင်ငံတိုင်းသည် လူ့အခွင့်အရေး ကို လေးစားရပါမည်၊ ကာကွယ်ရပါမည်။  လူ့အခွင့် အရေးဆိုသည်မှာ    လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့် ၊   လွတ်လပ်စွာ   အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ   စုစည်းခွင့်၊  တန်းတူညီမျှမှုအတွက် တောင်းဆိုခွင့်နှင့် ပညာသင်ကြားခွင့်တို့ဖြစ်ပါသည်။ သို့ရာတွင်  တစ်ဖက်သားကို   ထိခိုက်အောင်ပြောဆို ရေးသားခြင်းသည်      ဒီမိုကရေစီစံနှုန်းဖြစ်သော လွတ်လပ်စွာ    ထုတ်ဖော်ပြောဆိုခွင့်တွင်   အကျုံး မဝင်ပါ။    ထိုနည်းတူ   လွတ်လပ်စွာ  အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊    လွတ်လပ်စွာ   စုစည်းခွင့်တို့သည်လည်း ဥပဒေနှင့်အညီ   လုပ်ဆောင်မှသာ   ဒီမိုကရေစီစံနှုန်း ဖြစ်ပါသည်။


၁၀။ ဥပဒေကို လေးစားလိုက်နာခြင်း။

 


ဒီမိုကရေစီဆိုသည်မှာ   ဥပဒေကို    လေးစား လိုက်နာမှသာ  စည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီ ဖြစ်ပါသည်။ မည်သူမျှ  ဥပဒေအထက်တွင် မရှိရ ပါ။   နိုင်ငံသားတိုင်းသည်  တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိပြီး ချိုးဖောက်ပါက အပြစ်ပေးခြင်းကို   ခံရမည်ဖြစ်ပါသည်။   တရား ဥပဒေသည်လည်း       ပြည်သူတိုင်းအပေါ်တွင် တရားမျှတမှုနှင့်     တစ်သမတ်တည်းရှိမှသာ ဒီမိုကရေစီ ဖြစ်ပါသည်။

 


ကျွန်တော်တို့အားလုံး  ဒီမိုကရေစီကို  အလိုရှိကြ ပါသည်။    ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ဦးတည်ချက် ၉   ရပ်မှ  နိုင်ငံရေးဦးတည်ချက်တွင်   “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ  ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”ဟု ရှေ့ဆုံးမှ  ဦးစားပေးဖော် ပြထားပါသည်။ 

 


စစ်မှန်၍    စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုက ရေစီစနစ်ကိုရရှိရန်   ပြည်သူတိုင်း၏  တာဝန်ဖြစ်ပါ သည်။ အထက်ဖော်ပြပါ  ဒီမိုကရေစီအတွက်  လိုအပ် သော  အခြေခံအချက်များကို  နိုင်ငံသားတိုင်း သိရှိ လေးစားလိုက်နာခြင်းဖြင့်   စစ်မှန်၍   စည်းကမ်း ပြည့်ဝသော    ပါတီစုံဒီမိုကရေစီ   နိုင်ငံတော်ကို တည်ဆောက်ကြပါစို့။        ။