
နေပြည်တော် ဒီဇင်ဘာ ၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦး ချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ အားကစားလောက အဆင့် အတန်း တိုးတက်မြင့်မားစေရေး ရည်ရွယ်၍ “၂၀၂၂ ခုနှစ် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်း လျှောက်ပွဲ ” ကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း အင်အား ၄၀၀၀ ခန့် ပျော်ပျော် ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
အာဟာရမုန့်များပေးဝေ
လူထုစုပေါင်း လမ်းလျှောက် ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ် အမှတ် (၁) မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ သတ်မှတ် လမ်းကြောင်းများ အတိုင်း ဂိတ် (A) ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက် ခဲ့ကြပြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ က ရေသန့်ဘူး၊ Pocari Sweatနှင့် အာဟာရမုန့်များ ပေးဝေကြ သည်။
အဆိုပါ လူထုစုပေါင်း လမ်း လျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း များအပြင် ဝန်ထမ်းမိသားစုဝင် များပါ ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်