
နေပြည်တော် ဒီဇင်ဘာ ၁၀
လူတစ်ဦးချင်းမှအစပြု၍ ကိုယ် ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ် နှလုံးရွှင်လန်းစေရန်၊ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောကအဆင့် အတန်း တိုးတက်မြင့်မားလာ စေရန် ရည်ရွယ်၍ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှား မှု အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲ” များကို မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်တွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဒီဇင်ဘာလ (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပ သည်။
အဆိုပါ စုပေါင်းလမ်းလျှောက် ပွဲသို့ ပြည်ထောင်စုအဆင့်ဗဟို အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များ စုစုပေါင်းအင်အား ၄၀၀၀ ခန့် ပျော်ပျော်ရွှင်ရွှင် စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြ သည်။ (အပေါ်ပုံ)
လူထုစုပေါင်းလမ်းလျှောက်ပွဲ သို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း သတ် မှတ်လမ်းကြောင်းများ အတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက် ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exer-cises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင် လှုပ်ရှားဆောင်ရွက် ခဲ့ကြပြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနက ရေသန့်ဘူး၊ Royal-D နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်း အမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့ တိုင်း ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအပြင် ဝန်ထမ်း မိသားစုဝင်များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်