
နေပြည်တော် ဒီဇင်ဘာ ၃၀
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦး ချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ် ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (ပဉ္စမပတ်) လူထုအားကစားလှုပ်ရှားမှု အထိမ်း အမှတ်စုပေါင်းလမ်းလျှောက်ပွဲကိုယနေ့ နံနက်ပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ကျင်းပသည်။
အဆိုပါ စုပေါင်းလမ်းလျှောက် ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း အင်အား ၄၀၀၀ ကျော် ပျော်ပျော် ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက် ပွဲကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က သေနတ်ပစ်ဖောက်၍ တာလွှတ် ပေးရာ ပါဝင်ဆင်နွှဲကြသူများ သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၏ သတ်မှတ်လမ်းကြောင်းများ အတိုင်း ပျော်ပျော်ပါးပါး လမ်း လျှောက်ကာ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Phy- sical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများက ရေသန့်ဘူးနှင့် အာဟာရ မုန့်များ ပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် စုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲ ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်း လမ်းလျှောက်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်း အမှတ် စုပေါင်းလမ်းလျှောက်ပွဲ များကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက် ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ ဝန်ထမ်း များအပြင် ဝန်ထမ်းမိသားစုဝင် များပါ ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်