
နေပြည်တော် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးသယံဇာတများ ပေါများ စေရန်ရည်ရွယ်၍ တောင်ဇီးကျေးရွာ တောင်ဇီးချောင်းအတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၁ ရက်က ကျင်းပသည်။
အခမ်းအနားတွင် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ အင်း သူကြီးများနှင့် ရေလုပ်သားကြီးများ က ငါးမြစ်ချင်း သားပေါက်ကောင်ရေ နှစ်သိန်း၊ ရွှေဝါငါးကြင်း သားပေါက် ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ နှစ်သိန်း စုစု ပေါင်း ငါးသားပေါက် ကောင်ရေ ငါးသိန်း မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်