ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မိုးသီးကြွေကျမှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စု ၄၂၈ စုအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၇၉၉၈၀၀၀ ထောက်ပံ့

 

ပင်းတယ     ဖေဖော်ဝါရီ   ၂၅


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည်         ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ  ဖေဖော်ဝါရီ  ၂၃  ရက် နံနက်ပိုင်းတွင် ကလောမြို့ နှီးဘုရားကြီးအား ဖူးမြော် ကြည်ညိုကြပြီး      ကျောင်းတိုက်ဆရာတော်ကို  သင်္ကန်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ် လှူဒါန်းကြသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည်   ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာန ဘတ်ဂျက်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုး လှူဒါန်းငွေကျပ် ၄၅၁၀၈၀၀ ကို  ထောက်ပံ့ပေးအပ် ကြရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား ကလော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက လက်ခံကြသည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည်    ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိကြပြီး ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည်   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊    ရွာငံ မြို့နယ်နှင့်  ပင်းတယမြို့နယ်အတွင်း  ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သော မိုးသီးကြွေကျမှုကြောင့် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စု ၄၂၈ စု၊ လူဦးရေ ၁၈၇၅ ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၁၇၉၉၈၀၀၀  ကိုလည်းကောင်း၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ထောက်ပံ့ သည့် ဆန်ရိက္ခာဖိုး လှူဒါန်းငွေကျပ် ၁၆၃၈၀၀၀  ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအာကာလင်း  နှင့် တာဝန်ရှိသူများက လက်ခံကြသည်။

 

 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အထူး ရန်ပုံငွေ   (၂၀၂၁)   ဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊   ပင်းတယမြို့နယ်ဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်းခွင်၌    သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ တည်ဆောက်ခြင်း ၂၈ ရာခိုင် နှုန်း ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။ 

 


ယင်းနောက်        ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ရှိ   မူလတန်းကြိုကျောင်း  ခြံစည်းရိုး ကာရံနိုင်ရေးနှင့် ကျောင်းအဆောက်အအုံ ဥပဓိရုပ်နှင့် ကြံ့ခိုင်မှုတိုးတက်ကောင်းမွန်ရေး   ပေါင်းစပ်ကူညီ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

 


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးသည်  တောင်ကြီးမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စခန်းအတွင်း ၂၀၂၁-၂၀၂၂ ခု ခြောက်လဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ဆောင်ရွက်ရန်အတွက် မြေနေရာလျာထား တောင်းခံမှုကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်    တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင်၊ စခန်းရုံး အဆောက်အအုံ နှင့် ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး  လိုအပ်သည်များ  မှာကြားခဲ့ကြောင်း    သိရ သည်။

သတင်းစဉ်