ဓမ္မာစရိယစာမေးပွဲ တတိယနေ့ကျင်းပ


 

နေပြည်တော်     မေ    ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (တတိယနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၁၂၅၅၁ ပါးအနက် ၉၆၀၈ ပါး ဖြေဆိုကြသဖြင့် ၇၆ ဒသမ ၅၅ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 
သတင်းစဉ်