ဓမ္မာစရိယစာမေးပွဲ အဋ္ဌမနေ့နှင့်  ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကျင်းပ

 

 

နေပြည်တော်   မေ   ၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   သာသနာရေးဦးစီးဌာနက   ကြီးမှူး၍   နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့၌ (အဋ္ဌမနေ့)အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ (ဒုတိယနေ့)အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
    ဓမ္မာစရိယစာမေးပွဲအဋ္ဌမနေ့    စာရင်းသွင်း သံဃာနှင့်သီလရှင်   စုစုပေါင်း ၄၅၄ ပါးအနက် ၂၅၃ ပါး ဖြေဆိုကြသဖြင့် ၅၅ ဒသမ ၇၂ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ဒုတိယနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၅၀၅၃၇ ပါးအနက်   ၃၈၅၉၈ ပါး   ဖြေဆိုကြသဖြင့်   ၇၆ ဒသမ ၃၈  ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်