
Picsart ဟာ အန်းဒရွိုက်ဖုန်းတွေ စပေါ်ပြီး မကြာမီကတည်းက ထွက်ရှိလာတဲ့ ဓာတ်ပုံတည်းဖြတ်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဗားရှင်းအသစ်တွေလည်း ဆက်တိုက်ထွက်လာခဲ့တာကြောင့် အခုအခါ Version 17.9 အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီဗားရှင်းမှာ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ တည်းဖြတ်နိုင်တဲ့အပြင် Sticker maker နဲ့ Collage maker စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း သုံးနိုင်ပါတယ်။
ဖန်တီးလုပ်ဆောင်နိုင်
ဓာတ်ပုံတည်းဖြတ်မှုမှာ နောက်ခံတွေကိုဖြတ်ထုတ်ပြီး အစားထိုး ထည့်တာ၊ အလင်းအမှောင်နဲ့ အလှအပ ပြင်ဆင်တာ၊ ဓာတ်ပုံပေါ်မှာ စာလုံးအလှတွေရေးတာ၊ ဓာတ်ပုံရဲ့ ဆံပင်ပုံစံနဲ့ မိတ်ကပ်တွေ ပြောင်း ပေးတာ၊ စတစ်ကာနဲ့ အခြားပုံတွေကို ဓာတ်ပုံထဲမှာထည့်ပြီး စတစ်ကာ အသစ်ဖန်တီးတာ စတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အခြားလုပ်ဆောင် ချက်အများအပြားကို သုံးနိုင်ပါတယ်။ ဗီဒီယိုတည်းဖြတ်မှုမှာတော့ ဗီဒီယိုတွေမှာ နောက်ခံသီချင်းထည့်တာ၊ ဗီဒီယိုတွေကို ဖြတ်တောက်တာ၊ ပြန်ဆက်တာနဲ့ ဗီဒီယိုတွေရဲ့ အချိုးအစားကို ပြင်ဆင်တာ၊ ဗီဒီယိုတွေမှာ effects တွေ ထည့်သွင်းတာ၊ ဓာတ်ပုံတွေကို စုစည်းပြီး ဗီဒီယိုအဖြစ် ဖန်တီးတာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
အခမဲ့ ဒေါင်းလုပ်ရယူနိုင်
ဒီလုပ်ဆောင်ချက်တွေအပြင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တည်းဖြတ်ဖို့၊ အလှဆင်ဖို့ အသုံးဝင် လွယ်ကူတဲ့ အခြားလုပ်ဆောင်ချက် အများအပြား လည်း Picsart Photo Editor(17.9)မှာ ပါဝင်ပြီး ဒီအက်ပလီကေးရှင်းကို ပလေးစတိုးကနေ အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ အားနည်းချက် ကတော့ လိုင်းဖွင့်ပြီးသုံးသုံး၊ အော့ဖ်လိုင်းပဲသုံးသုံး ကြော်ငြာတွေ မကြာ ခဏ တက်လာမှာဖြစ်ပြီး ကြော်ငြာတွေမပါတဲ့ ad-free ဗားရှင်းကိုတော့ ဝယ်သုံးရမှာဖြစ်ပါတယ်။
ကျော်ဇင်ဦး