
ရန်ကုန် ဇန်နဝါရီ ၁၅
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌနှင့် ရုံးချုပ်မှ တာဝန်ရှိသူများ၊ ခရိုင် လျှပ်စစ်မန်နေဂျာရုံးများ၊ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများမှ တာဝန် ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၏ ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်လေးခရိုင်မှ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာများက ဓာတ်အားခကြွေးကျန်များ လျော့ နည်းကျဆင်းရေး၊ ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို အသေး စိတ်ရှင်းလင်း ဆွေးနွေးတင်ပြကြ သည်။
ဆက်လက်၍ ဌာနကြီးမှူး များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လိုအပ် ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပြီး ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်