
ရန်ကုန် ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ရှိ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) အား ဒဂုံတက္ကသိုလ် ကျောင်း၌ ယနေ့နံနက်ပိုင်းက ဆက်လက်၍ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒဂုံတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ရုံး ဝန်ထမ်းများအားBooster (Covishield) ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ဒဂုံတက္ကသိုလ်မှ တာဝန်ခံဌာနမှူးများ၊ ဆရာ၊ ဆရာမများ ပါဝင်သော ပူးပေါင်းအဖွဲတို့က လိုအပ် သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။
ယင်းနောက်ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) ထိုးနှံပေးရာတွင် ယခင်ဒဂုံတက္ကသိုလ် မှ ကျောင်းသား ကျောင်းသူ ၃၆၀ ကို ထိုးနှံပေးခဲ့ပြီး ဖြစ်၍ ဆက်လက်၍ ဩဂုတ် ၂ ရက်၌ ထိုးနှံပေးရာ တွင် ဆရာ၊ ဆရာမ ၁၉၀၊ ကျောင်းသား ကျောင်းသူ ၅၀ နှင့် ရုံးဝန်ထမ်း ၂၁၆ ဦး စုစုပေါင်း ၄၅၆ ဦး ထပ်မံ ထိုးနှံပေးကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)