ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

 

ရန်ကုန်   ဇူလိုင်  ၂၇


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား  ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield)အား ဒဂုံတက္ကသိုလ်ကျောင်း၌ ယနေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ ဒဂုံတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများ Booster Dose(Covid Shield) ကာကွယ်ဆေး ထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုဖြင့်    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊    မြို့နယ်ကျန်းမာရေးဌာန  ဝန်ထမ်းများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ်မှ တာဝန်ခံဌာနမှူးများ ပါဝင်သော  ပူးပေါင်းအဖွဲ့တို့က လိုအပ်သည် များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) ထိုးနှံရာတွင်‌ ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၅၅ ဦး၊ ကျောင်းသူ ၃၀၅ ဦး စုစုပေါင်း ၃၆၀ ကို ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်(ပြန်/ဆက်)