ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ သာသနာ့မြေ ၁၄ ဧက လှူဒါန်း

 

ရန်ကုန်  ဖေဖော်ဝါရီ   ၂၀


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပိဋကသုံးပုံနိကာယ် စသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက သုတဗုဒ္ဓ  ရွှေရတုတိပိဋကဓရ  ဓမ္မဘဏ္ဍာ ဂါရိက မော်ကျွန်းဆရာတော်ဘုရား၏ သာသနာပြု လုပ်ငန်းများ  ပြုလုပ်နိုင်ရန်အတွက်   ဒေါက်တာ ခင်မောင်ထွန်း+ဒေါ်ဥမ္မာသန်း သမီး မအိန္ဒြေကြည်ဖြူ မင်း ထက်လင်းတိုင်းရင်းဆေးဝါးနှင့် ရွှေခေါင်းပေါင်း ဆေးဝါးထုတ်လုပ်ရေးမိသားစုတို့မှ    ပြင်ဦးလွင် မြို့၌ရှိသော သာသနာ့မြေ  ၁၄  ဧက လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ   ၃ နာရီက  ပြုလုပ် သည်။

 


ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး       သုတဗုဒ္ဓတိပိဋကပါဋ္ဌိပါရဂူ ရွှေရတု တိပိဋကဓရ  တိပိဋကကောဝိဒ  ဓမ္မဘဏ္ဍာ ဂါရိက မော်ကျွန်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက်   ပြင်ဦးလွင်မြို့၌ရှိသော မြေ ၁၄ ဧက သာသနာ့မြေအဖြစ် ဆက်ကပ်လှူဒါန်း ပူဇော်ရခြင်းအကြောင်းကို  ကုသိုလ်ရှင်မှ လျှောက် ထားပြီး  သာသနာ့မြေနှင့်ပတ်သက်သော စာရွက် စာတမ်းစာချုပ်ဂရမ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

 


ထို့နောက်   မော်ကျွန်းဆရာတော်ဘုရားထံမှ ဝမ်းမြောက်အနုမောဒနာ တရားနာကြား၍ ရေစက် သွန်းချအမျှပေးဝေပြီး   လှူဒါန်းပွဲအခမ်းအနားကို ဗုဒ္ဓသာသနာ့ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 


အဆိုပါအခမ်းအနားသို့  အလှူရှင်မိသားစုနှင့် အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးသာသနာ့ရေးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ကျော်ဆန်းမြင့်