ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိ

 

နေပြည်တော်    ဇွန်   ၁၇


နိုင်ငံတော်ဩဝါဒါစရိယ      ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု      အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏       အဓိပတိ      သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့်  မျက်စိဝေဒနာရှင်များ အား   မျက်စိအထူးကု   ဆရာဝန်   ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ အခမဲ့စမ်းသပ် ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသည်။

 


ထိုသို့     မျက်စိအခမဲ့စမ်းသပ်ကုသပေးနေမှု များကို    ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး သီတဂူဆရာတော်ဘုရားကြီးထံ အလှူငွေ များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ          ဆက်ကပ်လှူဒါန်း ကြသည်။

 


ထိုကဲ့သို့ မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌    ဒုတိယအကြိမ် အဖြစ်   ဆောင်ရွက်ခြင်းဖြစ်ပြီး   မျက်စိဝေဒနာရှင် ၁၇၂၈ ဦးကို   အခမဲ့ကုသပေးခဲ့ကာ   ၎င်းတို့အနက် ခွဲစိတ်ကုသပေးရန်လိုအပ်သူ ၃၂၃ ဦးရှိကြောင်းနှင့် လာရောက် ဆေးကုသမှုခံယူသူများအား စားသောက် ဖွယ်ရာများ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်