ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲနှင့် စက်မှုဇုန်ရှိ အာမခံအလုပ်သမားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်ကြည့်ရှုအားပေး

 

ရန်ကုန်  သြဂုတ်   ၂၇


အလုပ်သမားဝန်ကြီးဌာန   လူမှု ဖူလုံရေးအဖွဲ့နှင့်                 ကဲဝဲလ် မက်ဒီကယ် ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှု ဖူလုံရေး-ကဲဝဲလ်   အထွေထွေ ရောဂါကုဆေးခန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့  ဒဂုံ မြို့သစ်(ဆိပ်ကမ်း)    မြို့နယ် ကနောင်တန်ဖိုးနည်း  အိမ်ရာ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန် ချက်နှင့်အညီ ကျင်းပသည်။
အခမ်းအနားကို အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊  ရန်ကုန်တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်  စက်မှု ဇုန်အတွင်းရေးမှူး   ဦးကျော်စွာ မြင့်တို့က   ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
အဆိုပါ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု  ဆေးခန်း သည်   ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင်  အာမခံ အလုပ်သမားများအား အထွေထွေ ရောဂါကုသမှု (OPD Care)  နှင့် သားဖွား/မီးယပ် ပြင်ပလူနာကုသ မှု (Specialist  OG OPD  Care) ကိုပါ     ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မြို့နယ်ပေါင်း ၁၁၆   မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန   ၃၃၄၂၆  ဌာနနှင့်    အာမခံအလုပ်သမား ပေါင်း ၁၀၆၄၂၆၉ ဦးရှိရာ ရန်ကုန် တိုင်းဒေသကြီး၌ မှတ်ပုံတင်အလုပ် ဌာန ၁၃၂၆၈ ဌာနနှင့်   အာမခံ အလုပ်သမား ၇၅၅၉၀၈ ဦးရှိပြီး အဆိုပါအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း နှင့် အကျိုးခံစားခွင့်များ   ခွင့်ပြု ထုတ်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို  အဖွဲ့ ပိုင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊  မြို့နယ်ဆေးခန်း ၉၆ ခန်း၊ ဌာန ကြီး ဆေးခန်း ၅၈ ခန်း၊  တိုင်းရင်း ဆေးခန်း  တစ်ခန်း၊   ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်  ဆေးရုံ၊ ဆေးခန်း   ၁၇  ခန်း၊   ရွေ့လျား ဆေးကုသယာဉ်သုံးစီးဖြင့် ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိပြီး အာမခံအလုပ်သမားများကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိရာ ယခုဖွင့်လှစ်သည့်   ဆေးခန်း အပါအဝင်    ဆေးရုံ၊  ဆေးခန်း ၁၈  ခန်းနှင့်      စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊  ယခု ဆေးခန်းတွင်     လူနာများကို တနင်္လာနေ့မှ     စနေနေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး  အာမခံ  အလုပ်သမားများအပြင် ဌာနတွင် အာမခံထားခြင်းမရှိသူ များအတွက် အရေးပေါ်ဆေးကုသ မှုများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ  စက်ရုံ၊ အလုပ်ရုံများမှ     အလုပ်သမား များအား      ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသော      ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်    စက်မှုဇုန် ကနောင်ခန်းမသို့   ရောက်ရှိပြီး အာမခံအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံ ပေးမှုကို     ကြည့်ရှုအားပေးကာ (အပေါ်ဝဲပုံ) ကာကွယ်ဆေးထိုးနှံ ပေးသော   ကျန်းမာရေးဝန်ထမ်း များနှင့်    စေတနာ့ဝန်ထမ်းများ အတွက် ဂုဏ်ပြုငွေနှင့် ထောက်ပံ့ ပစ္စည်များ ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဗဟိုကော်မတီ၏   စီစဉ်ဆောင် ရွက်ပေးမှုအရ       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား    ၈၉၃၇၇၂ ဦးအား   ကာကွယ်ဆေးထိုးနှံပြီး ကျန်တိုင်းဒေသကြီး/   ပြည်နယ် များရှိ   လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအပြင် အာမခံအလုပ်သမားမဟုတ်သည့် အလုပ်သမားများကိုပါ ကာကွယ် ဆေး    ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်