ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

 

ရန်ကုန်  ဇန်နဝါရီ  ၁၈


ရန်ကုန်တိုင်းဒေသကြီး    ဒဂုံ မြို့သစ်(အရှေ့ပိုင်း)  မြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်အရှေ့ ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ    နယ်လှည့် ကွင်းဆင်း ဆေးကုသပေးခြင်းကို ဇန်နဝါရီ ၁၆ ရက်က ဆောင်ရွက် ပေးသည်။


ထိုသို့    ဆေးကုသပေးရာတွင်     ရန်ကုန်အရှေ့ပိုင်း   ဆေးရုံကြီးမှ        ဆေးရုံအုပ်ကြီး ဦးဆောင်သော    သမားတော်  (အထွေထွေ)၊ ခွဲစိတ် အထူးကုဆရာဝန်၊  သားဖွားနှင့်   မီးယပ်အထူးကုဆရာဝန်၊  ကလေး အထူးကုဆရာဝန်၊    သွားဘက် ဆိုင်ရာဆရာဝန်၊    မျက်စိကုသ ရေးအဖွဲ့၊   အရိုးအဆစ်ပြန်လည် သန်စွမ်းရေးအဖွဲ့များမှ ရပ်ကွက် နေပြည်သူများအား  ကျန်းမာရေး ဆိုင်ရာ      ကွင်းဆင်းဆေးကုသ ပေးရာ စုစုပေါင်းလူနာ   ၂၅၅ ဦး     လာရောက်ပြသ    ဆေးကုသမှု ခံယူပြီး     မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့က    လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။    

ဇွဲမင်းထက်(ပြန်/ဆက်)