ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်   ဇူလိုင်   ၁၁
တပ်မတော်  (ကြည်း၊ ရေ၊ လေ)   အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက  တိုင်း စစ်ဌာနချုပ်များအလိုက်  မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊  သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့်   ဘာသာရေးကျောင်း များတွင်     ဆွမ်းဆန်တော်၊   ဆီ၊   ဆား၊ ပဲ အမယ်လေးမျိုးနှင့်     လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့  ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊   ပြည် အရှေ့ရပ်ကွက်ရှိ     သာသနာ့တံခွန်ကျောင်း တိုက်မှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများ နှင့်    လှူဖွယ်ပစ္စည်းများကို    ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒလတပ်နယ်မှ  တာဝန်ရှိသူများ က သွားရောက်၍   ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။          သတင်းစဉ်