ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ဆရာ ဆရာမများက စနစ်တကျ ပြုစုပျိုးထောင်ပေးကြစေလို

တောင်ကုတ်    ဇန်နဝါရီ    ၂၇


ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေသည်  ယနေ့ မွန်းလွဲပိုင်းတွင်  တောင်ကုတ်တက္ကသိုလ်ရှိ ပညာရတနာဘက်စုံသုံး ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ ဆရာမများ၊    ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။ 


စနစ်တကျ ပြုစုပျိုးထောင်


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များကို   ဆရာ  ဆရာမများက  စနစ်တကျ  ပြုစု ပျိုးထောင်ပေးကြစေလိုပါကြောင်း၊    သင်ကြား  သင်ယူမှု စီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စိတ်စေတနာအပြည့်ဖြင့် ကိုယ်ချင်းစာတရားများလက်ကိုင်ထား၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက္ကသိုလ်သုတေသနကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး  အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါ ကြောင်း၊ တက္ကသိုလ်သုတေသနလုပ်ငန်း ဆောင်ရွက် ရန်အတွက် အထောက်အကူဖြစ်စေမည့် စာအုပ် စာတမ်းများနှင့် Internet ၊ Wifi ဆက်သွယ်ရေးစနစ် များ ကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊   သိပ္ပံဘာသာရပ်၊   ဝိဇ္ဇာ ဘာသာရပ်များအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဓာတ်ခွဲ ခန်းသုံးပစ္စည်းများနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ  များအနေဖြင့် မိမိတို့တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန် ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေးအတွက် ညီညွတ် စွာ         လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ယူမှုဝန်းကျင်ကောင်းတွင်     ကျောင်းသား ကျောင်းသူများအား အမှန်တကယ်ပညာတတ်သော  ဘွဲ့ရသူများဖြစ်အောင် သင်ကြားမွေးထုတ်ပေးစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများက သိရှိလို သည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စု ဝန်ကြီးနှင့်          သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။


ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အတွက်  လိုအပ်သည့်  ဘောလုံးကွင်း ပွဲကြည့်စင်၊ ကျောင်းအဝင် ကွန်ကရစ်စင်္ကြံလမ်း၊ စာသင်ဆောင်၊ အိပ်ဆောင်၊ စာသင်ဆောင်ချင်းဆက်  အမိုးပါကွန်ကရစ်စင်္ကြံလမ်းများနှင့် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဖြည့်ဆည်းပေးခဲ့


အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် တောင်ကုတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်ပညာရေးမှူး၊        မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာ ဆရာ ဆရာမ များ၊ ပညာရေးမိသားစုများနှင့်တွေ့ဆုံ၍ သင်ကြား သင်ယူရေး၊   စီမံခန့်ခွဲရေးများ   ပိုမိုကောင်းမွန် စေရေး  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်