
နေပြည်တော် စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြား လူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
သွားရောက်ကြည့်ရှု
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အဖွဲ့ဝင် များသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်မြေခံတပ်ရှိ တစ်သျှူးငှက်ပျောနှင့် ရာသီသီးနှံ စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေး ခြံနှင့် နို့စားနွားမွေးမြူရေးခြံတို့ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ထားဝယ်တပ်နယ် မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ရှိ နယ်မြေခံတပ်ရင်းတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇီးတောကျေးရွာ အနီးရှိ မာန်အောင်ရတနာကုမ္ပဏီ၏ အဆင့်မြင့် စားသောက်ကုန် အုန်းဆီသန့်စက်ရုံ၊ မာန်အောင် မြို့နယ် တောထူကျေးရွာရှိ တောင်သူ ၆၉ ဦး၏ လယ်ဧက ၃၀၂ ဧက၌ ဆင်းသွယ်လတ် မိုးစပါးစံပြ စိုက်ကွင်း စိုက်ပျိုးထားရှိမှုနှင့် မြေပုံမြို့ ကန်သာထွက်ဝ ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဆားငံခံ ဆင်းသွယ်လတ် မျိုးစေ့ထုတ် ၁၅ ဧက မိုးစပါးစိုက်ခင်း တို့ကိုလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်