
နေပြည်တော် အောက်တိုဘာ ၂၆
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ ဝင်များသည် ကျိုင်းတုံတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၏ စိုက်ပျိုး ရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း များကို လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင် များသည် တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံ စိုက်ပျိုး မွေးမြူရေး ခြံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ကြက်အစာ ဖြန့်ဖြူးရေးနှင့် ဝက်အစာစပ်စက်ရုံတို့ကို လည်း ကောင်း အသီးသီးသွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင် ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်