ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၅


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်    ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့်   ပြည်သူများ၏   စားသောက်ရေးကို အထောက်အကူဖြစ်စေရန် စက်တင်ဘာ ၄ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်မှူးချုပ်   ဖြိုးသန့်နှင့်    တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့ရှိ   နယ်မြေခံ သင်တန်းကျောင်းတွင်   မွေးမြူထားရှိသော  နို့စား နွားမွေးမြူရေးခြံနှင့်   နွားရွှေနီမွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်း ပြည့်    ဆောင်ရွက်နိုင်ရေးနှင့်    လိုအပ်သည်များ      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။                                            

 သတင်းစဉ်