ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော် ဩဂုတ်  ၂၇


တိုင်းစစ်ဌာနချုပ်      နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့်  အခြားလူသုံးကုန် လုပ်ငန်းများ   ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ  တိုင်းဒေသ ကြီးနှင့်      ပြည်နယ်အသီးသီးမှ  ဝန်ကြီးချုပ်များ၊  တိုင်းမှူးများနှင့် တာဝန်ရှိသူများက       အဆိုပါ   နေရာများသို့  သွားရောက်ကြည့်ရှု ကြပြီး          လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့  ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်    ကျောက် တန်းမြို့နယ် ကြာကန်ကျေးရွာရှိ မျိုးစံပြမိုးစပါးစိုက်ခင်းသို့    သွား ရောက်ကြည့်ရှု၍   တာဝန်ရှိသူများနှင့် တွေ့ဆုံကာ  ကုန်ထုတ်လုပ်မှု   လုပ်ငန်းများ  ရာနှုန်းပြည့်  ဆောင်ရွက်နိုင်ရေး နှင့်   လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း  ဆောင်ရွက်ပေးသည်။
ငါးမျိုးများစိုက်ထည့်
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည်       ကျောက်တန်း မြို့နယ်  ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့်     မှော်ဝန်းချောင်း အတွင်း ငါးမျိုးများစိုက်ထည့်ပွဲကို တက်ရောက်ကာ ချောင်းအတွင်း သို့     ငါးမြစ်ချင်းအကောင်ရေ ၈၈၀၀၀၀ ကို စိုက်ထည့်ပေးသည်။
အလားတူ  အနောက်တောင် တိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်ချုပ်     အောင်အောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့ရှိ  နယ်မြေ ခံတပ်ရင်းများ၌    မွေးမြူရေး လုပ်ငန်းများ  ဆောင်ရွက်ထားရှိမှု များအား  သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု   လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။    

            သတင်းစဉ်