ဒေသတွင်းစိုက်ပျိုး‌၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဩဂုတ်   ၂၆


ဒေသတွင်း  စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏   စားသောက် ရေးကို         တစ်ဖက်တစ်လှမ်းမှ အထောက်အကူ         ဖြစ်စေရန် အတွက်  တပ်မတော်အနေဖြင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း များ၊    တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူရေး      လုပ်ငန်းများကို  စဉ်ဆက်မပြတ်            အောင်မြင် အောင်            ဆောင်ရွက်လျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်း       စစ်ဌာနချုပ် နန်းသီတာဘက်စုံ စိုက်ပျိုးမွေးမြူ ရေးစခန်း၌ DYL ဝက်မွေးမြူထား ရှိမှု၊   ဥစားကြက်မွေးမြူထားရှိမှု၊ အသားတိုးကြက်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ ငါးခူငါး မွေးမြူထားရှိမှု၊      ကြက်စာသို လှောင်ထားရှိမှုနှင့်     ဝက်စာသို လှောင်ထားရှိမှုများကို  ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)  ဒုတိယ ဗိုလ်ချုပ်ကြီး  ခင်လှိုင်၊  တိုင်းမှူး ဗိုလ်ချုပ်  လှမိုးနှင့်  တာဝန်ရှိသူ များက    ယနေ့နံနက်ပိုင်းတွင် သွားရောက်  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်   ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်