
နေပြည်တော် ဩဂုတ် ၄
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက် ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့ညနေပိုင်းက နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ရာသီသီးနှံ များ စိုက်ပျိုးထားရှိမှု၊ အသားတိုး ကြက်မွေးမြူထားရှိမှု၊ ဥစားကြက် မွေးမြူထားရှိမှု၊ နို့စားနွား၊ အသား တိုးနွား မွေးမြူထားရှိမှုနှင့် ဆိတ် မွေးမြူထားရှိမှုတို့ကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်