ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇူလိုင်    ၁၄


ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက်  ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း       စစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ်ထိန်ဝင်းနှင့်     တာဝန်ရှိသူများသည် ပျဉ်ပုံကြီးတပ်နယ် နယ်မြေခံတပ်ရင်းရှိ  စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ   ဆောင်ရွက်ထားရှိမှု    အခြေအနေများကို   ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်