ဒေသတွင်းဆန်ဖူလုံမှုဖြင့် ကျေနပ်မနေဘဲ စပါးအထွက်နှုန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် စပါးစိုက်တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်

 

နေပြည်တော် အောက်တိုဘာ  ၁၅


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး   (၁၆/ ၂၀၂၁)ကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊        နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     တက်ရောက် အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ် ကြီး  မြထွန်းဦး၊     ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊      ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊       ဒုတိယ ဗိုလ်ချုပ်ကြီး         မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊        ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊   ဒေါ်အေးနုစိန်၊   Jeng    Phang နော်တောင်၊       ဦးမောင်းဟာ၊       ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊  ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

 


အဖွင့်အမှာစကား ပြောကြား


ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က         အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသအလိုက် စားနပ်ရိက္ခာပေါများ ရေးနှင့်ပတ်သက်၍   တွန်းအားပေး   ဆောင်ရွက် လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံတွင်   တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စားရေးဖူလုံမှုရှိသော်လည်း အချို့တိုင်းဒေသကြီးနှင့်     ပြည်နယ်များတွင် ဒေသ အလိုက် ဖူလုံမှုမရှိသည့် နေရာဒေသများရှိကြောင်း၊ ဒေသတွင်းဆန်ဖူလုံမှုဖြင့်   ကျေနပ်မနေဘဲ   စပါး အထွက်နှုန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေး ခြင်းဖြင့် စပါးစိုက်တောင်သူများ၏ ဝင်ငွေ တိုးတက် လာမည်ဖြစ်ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်း အား နိုင်ငံစီးပွားရေးနှင့် အခြေခံလုပ်သားလစာကို အခြေခံတွက်ချက်၍ ထိုက်သင့်သည့်ဈေးနှုန်းဖြင့်  သတ်မှတ်ပေးထားကြောင်း၊        ဆန်ဖူလုံရေးနှင့် ပတ်သက်၍   အထွက်နှုန်းတိုးအောင်ဆောင်ရွက်၍  ဆန်ဖူလုံအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ မြေဩဇာ၊ ဒီဇယ်ဆီများ ဖြစ်နိုင်သမျှ ဖြည့်ဆည်းပေးရန် လိုအပ် ကြောင်း၊ ထို့အတူ အခြားစိုက်ပျိုးရေး ထွက်ကုန်များ ကိုလည်း အထွက်နှုန်းတိုးအောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့တွင် စိုက်ပျိုးရေးထွက်ကုန်များ အထွက်နှုန်း တိုးတက်အောင်    ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ အကောင်း ဆုံး အခွင့်အလမ်းများ   စုဝေးနေသည့်နေရာဖြစ်ပြီး သွားလာမှုအဆင်ပြေသည့် နေရာတစ်ခုဖြစ်သဖြင့် အဆိုပါ အားသာချက်များကိုအသုံးချ၍  ကြိုးစား ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ရန်ကုန်တိုင်းသည် ထိပ်ဆုံးသို့ရောက်ရှိနိုင် မည်ဖြစ်ကြောင်း။

 


နိုင်ငံတကာဆက်ဆံရေးနှင့်             ပတ်သက်၍ အာဆီယံတွင်   ဧပြီ ၂၄ ရက်၌  အာဆီယံ   အထူး ကိုယ်စားလှယ်   ရွေးချယ်စေလွှတ်ရေးအပါအဝင် အကြမ်းဖျင်းအားဖြင့် သဘောတူညီ ချက် ၅ ချက် ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်   နိုင်ငံရေးအရ ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြန်လည်တည်ငြိမ်အေးချမ်းရေး အတွက် အာဆီယံမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ ပဋိညာဉ်၊ အာဆီယံကတိကဝတ်များဖြင့် ရပ်တည် ဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံရေးအရ  ဖြေရှင်းဆောင်ရွက် ခြင်းထက် အခြားစွက်ဖက်မှုအချို့ရှိသည်ကို တွေ့ရှိရ သဖြင့် အတတ်နိုင်ဆုံး ပြေလည်အောင်  ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။

 


ပြည်တွင်းငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယနေ့ သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)    လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက်နေ့ဖြစ်ပြီး အခမ်းအနားတွင် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ (NCA) လက်မှတ်ရေးထိုးထား သည့် အဖွဲ့များအနေဖြင့် တိုးတက်အောင်ဆက်လက် ဆောင်ရွက်ရန်၊ လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့များကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍  ပြည်သူ့ဆန္ဒ၊   နိုင်ငံအကျိုးရှိ စေမည့် အကြောင်းခြင်းရာများကို Video Message ဖြင့်ပေးပို့သော မိန့်ခွန်းတွင် အပြည့်အစုံထည့်သွင်းပြောကြားခဲ့ကြောင်း၊     အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းထားသည့် EAO အဖွဲ့များမှ ကာယကံ မြောက် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ထား သူများနှင့် လက်နက်နှင့်တကွ ဖမ်းဆီးရမိသူများမှ အပ   ကျန်အဖွဲ့ဝင်များ၏   အမှုစွဲဆိုထားမှုများကို ပိတ်သိမ်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း။ 

 


တရားဥပဒေစိုးမိုးရေး


မိမိတို့အနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်ရာ တွင် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများ ရေးအတွက်  အဓိကထားဆောင်ရွက်လျက်ရှိပြီး ယင်းသည် နိုင်ငံ့အရေးကိစ္စပင်ဖြစ်ကြောင်း၊ တစ်ဖက် မှလည်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့်    အုပ်ချုပ်ရေးအဖွဲ့အစည်းများက  ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ  ကိစ္စများနှင့်     ပတ်သက်၍လည်း   တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ဖက်မှလည်း EAO အဖွဲ့အချို့အနေဖြင့် နိုင်ငံရေး မတည်ငြိမ်မှုကို အသုံးချ၍ မူးယစ်ဆေးဝါး   ထုတ်လုပ်ရောင်းဝယ်မှုများ       ပြုလုပ်လာသဖြင့် ထိန်းသိမ်းဆောင်ရွက်နေရမှုများရှိကြောင်း၊ ယခု အခါ ပြည်သူများ၏   ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာပြီး   ပြည်သူများ၏   သတင်းပေးမှု များနှင့် ထဲထဲဝင်ဝင်   ပူးပေါင်းဆောင်ရွက်မှုများ ကြောင့်    ဖမ်းဆီးရမိမှုများ   များစွာပြုလုပ်လာနိုင် ကြောင်း၊ ပြည်သူများ၏  ပူးပေါင်းဆောင်ရွက်မှုမှာ အရေးအကြီးဆုံးဖြစ်ပြီး     ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့် ဒေသများတွင် သတင်းရရှိမှု ပိုမို မြန်ဆန်ကာ ဒေသတည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး တည်ဆောက်နိုင်သည်ကို တွေ့ရှိရကြောင်း။

 


စီးပွားရေး


စီးပွားရေးနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ပိုငွေပြခဲ့သော် လည်း ကုန်သွယ်မှုနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊ မိမိတို့ တစ်နိုင်ငံတည်း ကုန်သွယ်မှုကျဆင်းနေခြင်းမဟုတ် ဘဲ ကမ္ဘာနှင့်အဝန်းဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုင်ငံ တကာတွင်လည်း ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ မဖြစ်မနေသုံးစွဲရသည့် စားသောက်ကုန်များ  မှလွဲ၍ ကျန်ရှိသည့်  ကုန်ပစ္စည်းများ   ရောင်းဝယ်မှု ကျဆင်းလာကြောင်း၊ မိမိတို့နိုင်ငံတွင် ဘိလပ်မြေများ  လုံလောက်စွာထုတ်လုပ်နိုင်သည့်   စက်ရုံများရှိပြီး ကုန်ကြမ်းများလည်း   လုံလောက်စွာရှိကြောင်း၊ နိုင်ငံအတွင်း ဘိလပ်မြေလုံလောက်စွာ ထုတ်လုပ် နိုင်ရေး အသုံးချဆောင်ရွက်ကြရန်လိုကြောင်း။

 


နိုင်ငံ၏   လူဦးရေ  ၇၀   ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး အများစုမှာ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ အဆိုပါကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး နှင့်    စီးပွားရေးကို   ပစ်ပယ်ထား၍မရကြောင်း၊ စိုက်ပျိုးရေးတွင် အရေးအကြီးဆုံးလိုအပ်ချက်မှာ  မြေဩဇာနှင့် ရေလုံလောက်စွာရရှိရေးပင် ဖြစ်ကြောင်း၊ မြေဩဇာ ရရှိရေးအတွက် ပြည်ပမှဈေးနှုန်းကြီးမြင့် စွာဖြင့် တင်သွင်းနေရပြီး ပြည်တွင်း၌ လိုအပ်ချက်  များစွာရှိကြောင်း၊ မြေဩဇာနှင့်ပတ်သက်၍ တိရစ္ဆာန် များနှင့် သစ်ဆွေးမြေများမှရရှိနိုင်သည့်  သဘာဝ ဓာတ်မြေဩဇာ Bio Fertilizer ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   နိုင်ငံအတွက် ယူရီယားဓာတ်မြေဩဇာထုတ်လုပ်ရေး   မရှိမဖြစ် လိုအပ်သဖြင့် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ယူရီယားဓာတ်မြေဩဇာထုတ်လုပ်သည့်  စက်ရုံအား အပြည့်အဝလည်ပတ်ခြင်းဖြင့် ပြည်တွင်း မြေဩဇာလိုအပ်မှုကို   အထိုက်အလျောက် အကျိုး ရှိမည်ဖြစ်သဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး  အဓိကလိုအပ်ချက်မှာ   သဘာဝဓာတ်ငွေ့ပင်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ များအား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောင်းချ နေခြင်းများရှိကြောင်း၊ ပြည်ပနှင့်စာချုပ်ချုပ်ဆိုခြင်း များ ဆောင်ရွက်ရာတွင်   ပြည်တွင်း၌  အကျိုးရှိစွာ အသုံးပြုနိုင်ရေး  ဦးစားပေးဆောင်ရွက်ရမည့် မူဝါဒ ကို  ထည့်သွင်းချမှတ်   ဆောင်ရွက်ရန်လိုကြောင်း၊   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား၊ လေအားနှင့်       နေရောင်ခြည်စွမ်းအင်တို့မှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ထုတ်လုပ် ခြင်းများကို   လျှော့ချနိုင်ပြီး  သဘာဝဓာတ်ငွေ့များ အား အခြားနေရာများတွင် အသုံးပြု၍ရကြောင်း။

 


မွေးမြူရေး


မွေးမြူရေးနှင့်ပတ်သက်၍ ခေတ်မီသည့် မွေးမြူ ရေးစနစ်များဖြစ်ရန်လိုကြောင်း၊ တပ်မတော်တွင် ဥစားကြက်များမွေးမြူရာတွင်  ခေတ်မီအအေးခန်း စနစ်(Evaporated Cooling System)ဖြင့် မွေးမြူ လျက်ရှိပြီး ကြက်ဥများအထွက်နှုန်း ကောင်းမွန်သဖြင့် စီးပွားရေးအရ   တွက်ခြေကိုက်ကြောင်း၊ သို့သော် နိုင်ငံတကာနှင့်ယှဉ်ပါက မွေးမြူရေးလုပ်ငန်းများ တွင် နည်းပညာအရ နောက်ကျမှုရှိနေသေးကြောင်း၊ မိမိတို့အနေဖြင့်     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်         မိရိုးဖလာလုပ်ငန်းများမှ ဖောက်ထွက်၍ ခေတ်မီနည်းစနစ်များဖြင့် ကြိုးစား  ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏အဓိကစီးပွားရေး ကို ဆောင်ရွက်ပေးနေသည့် ကျေးလက်နေပြည်သူ များ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်  သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ ထပ်မံ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

 


ပြည်တွင်းစီးပွားရေးကို ပိုမိုအားပေးရန်လိုအပ်


ကိုဗစ် - ၁၉  ရောဂါဖြစ်ပွားချိန်တွင် ပြည်တွင်း ဖြစ်ကို အားပေးရန်နှင့်   ပြည်တွင်းစီးပွားရေးကို ပိုမိုအားပေးရန် လိုအပ်ကြောင်း၊ ပြည်သူများချမ်းသာ ကြွယ်ဝခြင်းသည်     နိုင်ငံချမ်းသာကြွယ်ဝခြင်းပင် ဖြစ်ကြောင်း၊ ပြည်သူကိုဆင်စီးမြင်းရံဖြင့် လူမှုဘဝ မြင့်မြင့်မားမားနေထိုင်နိုင်ရန်အတွက် တွန်းအားပေး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ လိုအပ်သည်များ ထိန်းကျောင်းပေးခြင်းနှင့် အားပေးခြင်းများ ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။ 

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးနှင့်ပတ်သက်၍ ယခင်လများထက် ကျဆင်းမှုများရှိ သော်လည်း ယခုထက် ထပ်မံကျဆင်းရန်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် စစ်ဆေးမှုများအား ကြပ်ကြပ်မတ်မတ် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  အောက်တိုဘာ ၁၄ ရက် ည ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၁၅၁၄ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးရှိကြောင်း၊ တွေ့ရှိသူ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိနေကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသားများ ကာကွယ် ဆေးထိုးနှံရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးနှံသူများ များပြားလျက်ရှိသည်ကို ဝမ်းမြောက် ဖွယ်တွေ့ရှိရကြောင်း၊      ရောဂါပိုးတွေ့ရှိရာတွင် ရှမ်းပြည်နယ်သည် အရေအတွက်အများဆုံးဖြစ်သည် ကို တွေ့ရှိရကြောင်း၊ ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အခြေအနေ တွင် ရှိနေဆဲဖြစ်သဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ  နေထိုင်ကြရန်လိုကြောင်း၊ Stay at Home သတ်မှတ် ထားသည့် မြို့နယ်များတွင်  ရောဂါကူးစက်မှုနှုန်း ကျဆင်းသည့် အချို့မြို့နယ်များအား ပယ်ဖျက်ပေး သွားမည်ဖြစ်ကြောင်း၊   ကိုဗစ်-၁၉   ရောဂါနှင့် ပတ်သက်၍ လုံးဝစိတ်ချရသည့် အနေအထားသို့ မရောက်ရှိသေးကြောင်း၊ ပြည်ပမှကာကွယ်ဆေးများ ရောက်ရှိမှုမှာ ဝယ်ယူထားသည့် ကာကွယ်ဆေးနှင့်  လှူဒါန်းထားသည့်ကာကွယ်ဆေး Does စုစုပေါင်း ၂၃၈၂၃၆၀၀ ဖြစ်ကြောင်း၊   ယခုလ ၁၄ ရက်အထိ ကာကွယ်ဆေး Does ထိုးပြီးသူစုစုပေါင်း ၁၂၂၉၁၁၄၈ ဦးရှိပြီး ထပ်မံထိုးနှံပေးနေဆဲဖြစ်ကြောင်း၊ ပြည်ပမှ ကာကွယ်ဆေးများ ထပ်မံဝယ်ယူရရှိရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရာခိုင်နှုန်းများ ကျဆင်းခဲ့ခြင်းမှာ   ကိုဗစ်-၁၉    ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပြည်သူများ၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုနှင့် အောက်ဆီဂျင် လုံလောက်အောင်ကြိုးပမ်းနိုင်မှု၊     ကုသဆေးအား One Stop Services ဖြင့် အခွန် “0” ဆောင်ရွက်ပေးမှု၊  ထိုက်သင့်သော   ကာကွယ်ဆေးထိုးနှံပေးနိုင်မှုတို့ ကြောင့်ဖြစ်ကြောင်း၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံသာယာဝပြော ရေးကိစ္စများတွင် ကဏ္ဍပေါင်းစုံမှ စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 


ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ    ဗညားအောင်မိုး၊    ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့်  ဦးရွှေကြိမ်းတို့က နိုင်ငံတော်နှင့် အများပြည်သူ   လုံခြုံရေးအတွက်   လိုအပ်နေသည့် ဥပဒေများ  ပြန်လည်ပြဋ္ဌာန်းပေးရေး၊ နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကို    ထိခိုက်စေနိုင်သည့် ဥပဒေများအား ဖျက်သိမ်းရေး၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ ဆောင်ရွက်ရေး၊ အခြေခံလူတန်းစားများ၏ စားဝတ် နေရေး ပြေလည်စေရေးအတွက်  ဆန်နှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရေး၊ လွှတ်တော် အတွင်း တစ်ပါတီကြီးစိုးသော အာဏာရှင်ဆန်သည့် ပါတီကြီးဝါဒမဖြစ်စေရန်၊ ဖက်ဒရယ်စနစ်အတွက် အထောက်အကူပြုစေရန် ရွေးကောက်ပွဲစနစ်အား အချိုးကျကိုယ်စားပြု(PR)စနစ် ကျင့်သုံးနိုင်ရေး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏  မဲမသမာမှုများ ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်သူလူထု ပိုမို သိရှိအောင် ဆောင်ရွက်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရေး၊ ပြည်သူလူထုအတွင်း ငွေကြေး လည်ပတ်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ဗဟိုဘဏ်မှကြီးကြပ်ဆောင်ရွက်ပေးရေး၊ နိုင်ငံတော် ၏ မူဝါဒများအပေါ်  ဝန်ကြီးဌာနများ၏  အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်သူလူထု  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်      ဆောင်ရွက်ရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် တိရစ္ဆာန် ဆေးနှင့်အစာ  ထုတ်လုပ်မှုအပိုင်းအား နိုင်ငံတော် အစိုးရက ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ရှိ ချောင်းမကြီးဆည်မှပေးဝေသည့်  ဆည်ရေအရည် အသွေး ကောင်းမွန်စေရန် ရေအရည်အသွေး ပုံမှန် စစ်ဆေးပေးရန်နှင့် ဆည်လုံခြုံရေးတိုးမြှင့်ချထား ပေးရေး၊   ဘဏ်ဝန်ထမ်းများ  အကျင့်ပျက်ခြစားမှု မရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားရေး။

 


ရခိုင်ပြည်နယ်ရှိ ဒီရေတောများအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်   လူမှုကွန်ရက်စာမျက်နှာများကို ကြပ်မတ်ဆောင်ရွက်ရေး၊      တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းသူကျောင်းသားများ ကိုဗစ် ကာကွယ်ဆေးထိုးနှံရေး၊   နိုင်ငံခြားဝင်ငွေရရှိမည့် ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာ  တွင် လွယ်ကူလျင်မြန်ချောမွေ့ရေး၊ ဆောက်လုပ်ရေး သုံး ပစ္စည်းအချို့အား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ ချင်းပြည်နယ်ရှိ   တောင်တန်းဒေသများ၌   မဟာ ဓာတ်အားလိုင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးတို့မှတစ်ဆင့်     လျှပ်စစ်ဓာတ်အား ရရှိအသုံးပြုနိုင်ရန်   စီမံဆောင်ရွက်ပေးရေး၊   စပါး ရိတ်သိမ်းခြွေလှေ့စက်များအတွက်    လိုအပ်သည့်  စက်သုံးဆီများအား   သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တွင်   အစိုးရရုံးဌာနများ   တိုးချဲ့ဖွင့်လှစ်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


ညှိနှိုင်းဆွေးနွေး


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက် များအပေါ် လိုအပ်သည့် ဥပဒေများ ပြန်လည်ပြဋ္ဌာန်း ရေးနှင့် မလိုအပ်သည့်ဥပဒေများ ဖျက်သိမ်းရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆွေးနွေးပြီး အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊   အခြေခံရည်ညွှန်းစပါးဈေးနှုန်းနှင့်စပ်လျဉ်း၍ စပါးဈေးနှုန်းသတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် စက်ရုံ၊ အလုပ်ရုံများရှိ အခြေခံ ဝန်ထမ်းများ၏ အခြေခံလစာရရှိမှုအပေါ် ချိန်ထိုး စဉ်းစားခဲ့ကြောင်း၊ အချိုးကျကိုယ်စားပြု (PR) စနစ် နှင့်စပ်လျဉ်း၍   မူအားဖြင့်   သဘောတူညီပြီးဖြစ် ကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်   သက်ဆိုင်ရာပါတီများနှင့်  ဆွေးနွေးနေ ကြောင်း၊ NGO ၊ INGO အဖွဲ့များနှင့်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

 


ပြည်ပပို့ကုန် တင်ပို့မှု


ပြည်ပပို့ကုန် တင်ပို့မှုများနှင့်စပ်လျဉ်း၍ ပြည်တွင်း လိုအပ်ချက်များကို ပြည့်မီအောင် ဦးစွာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သံရုံးအချို့တွင် စီးပွားရေး သံမှူးများထားရှိပြီး   နိုင်ငံခြားသို့ ပြည်တွင်းထုတ် ကုန်အမယ်သစ်များ တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေ  ဆောင်ရွက်ရန်     တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စပ်လျဉ်း ၍  ချင်းပြည်နယ်တွင်   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးပါ ကြံဆ  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   ဒေသတည်ငြိမ် အေးချမ်းမှုလည်း   လိုအပ်ပါကြောင်း၊   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင်   အစိုးရရုံးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရေးနှင့် စပ်လျဉ်း၍ ဒေသဖွံ့ဖြိုးရေး အတွက် အမှန်တကယ်လိုအပ်မည့်   ရုံး၊ ဌာနများ ထားရှိနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ဒီရေတော၊ ဓနိတောများနှင့်စပ်လျဉ်း၍ ပြန်လည်ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံမှု နှင့် စပ်လျဉ်း၍ အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ လိုအပ်သည့် ကာကွယ်ဆေးများကိုလည်း ထပ်မံမှာယူထားကြောင်း ပြောကြားသည်။

 


သင်ခန်းစာယူကြရန်လို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့ ရည်မှန်းဆောင်ရွက်နေ  သည်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်     ပေါ်ထွန်းလာရေး ဖြစ်ကြောင်း၊  အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက် ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သော ရှက်ဖွယ်ရာဖြစ်သည့် မရိုးသားမှုများသည် တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်ပင်ဖြစ်ပြီး သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်လာနောက်သားများအတွက် ကောင်းမွန်သော အမွေကောင်းများသာ ထားရှိပေးခဲ့လိုပြီး အတတ်နိုင် ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း အမြင် ကျယ်ကျယ်စဉ်းစား၍ တိုင်းပြည်ကောင်းကျိုးအတွက် စဉ်းစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်