ဒေသတွင်း ရေရှည်တည်တံ့သည့် ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲအသုံးပြုရာ၌ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်

နေပြည်တော်   နိုဝင်ဘာ   ၁၁


(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်  ဦးဆောင်၍  ယနေ့တွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။     အဆိုပါ အစည်းအဝေးနှင့်အတူ အာဆီယံ- တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်း  အဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲတို့ကိုလည်း တစ်ဆက်တည်းကျင်းပသည်။


တက်ရောက်


အစည်းအဝေးများသို့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်  US-ABC မှ တာဝန် ရှိသူများ      တက်ရောက်ကြသည်။    မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်       ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း  ဦးဆောင်သော     ကိုယ်စားလှယ်အဖွဲ့     ပါဝင် တက်ရောက်ခဲ့သည်။


အဆိုပါ (၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ  ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍     အစည်းအဝေးအစီအစဉ်အရ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ Ministry of Public Works and Transport မှ ဝန်ကြီး H.E. Mr. SUN Chanthol  က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  အစည်းအဝေးအစီအစဉ်များအတိုင်း ကျင်းပရာ တက်ရောက်လာသော ပို့ဆောင်ရေးဝန်ကြီး များက   “အာဆီယံကွာလာလမ်ပူ  ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၅) တွင်ပါဝင်သော ပို့ဆောင်ရေးကဏ္ဍအသီးသီး၏   နိုင်ငံအလိုက်နှင့် ဒေသတွင်းဆောင်ရွက်ပြီးစီးမှု၊ အာဆီယံ၏ တစ်ခု တည်းသော လေကြောင်းနှင့် ရေကြောင်းဈေးကွက် ဖော်ဆောင်မှု၊  စင်ကာပူ-ကူမင်းရထားလမ်းစီမံကိန်း၊  အာဆီယံအဝေးပြေးလမ်းကွန်ရက်နှင့်   အာဆီယံ ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးမူဘောင်များ အပေါ် အကောင်အထည်ဖော်နိုင်မှု၊ ကုန်စည်ပို့ဆောင် ရေးကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲအသုံးပြုရေးကိစ္စ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ”ကို   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


ဒစ်ဂျစ်တယ်စနစ် မဖြစ်မနေအသုံးပြုရန် လိုအပ်လာ


ယင်းနောက်  “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အနာဂတ်တွင်         ဒေသတွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းမရှိစေရန်အတွက် ကုန်စည်ပို့ဆောင် ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲအသုံးပြုရေး” နှင့်စပ်လျဉ်း၍ နိုင်ငံ အလိုက် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကာကွယ်တားဆီးရေးကို အခြားနိုင်ငံများ နည်းတူ ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ရသည့် အတွက် ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် ဒစ်ဂျစ်တယ် စနစ် မဖြစ်မနေအသုံးပြုရန် လိုအပ်လာကြောင်း ဆွေးနွေး သည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိ ပို့ဆောင်ရေးကဏ္ဍတွင် IT အသုံးပြုမှုများ၊ ဆက်သွယ် ရေးကွန်ရက်အဆင့်မြှင့်တင်ခြင်း National Portal နှင့် Data Centre တည်ဆောက်ခြင်း၊ e-Government Master Plan ၂၀၂၁-၂၀၃၀ ကာလရေးဆွဲခြင်းနှင့် အမျိုးသားအဆင့် Intelligent Transport System (ITS) Master Plan ရေးဆွဲရေး စသော IT အခြေခံ အဆောက်အအုံ    ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုနှင့် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် ဦးတည်ချက် များနှင့်  ရှေ့လုပ်ငန်းစဉ်များကိုအခြေခံပြီး  ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်များ    အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း ရေရှည်  တည်တံ့သည့် ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးတွင် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲ အသုံးပြုရာ၌ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးသည်။ 


မွန်းလွဲပိုင်းတွင် အကြိမ် (၂၀) မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် US-ASEAN Business Council ဆွေးနွေးပွဲကို ကျင်းပသည်။ 


(၁၉) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေး၊   (၁၂) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်း အဝေးနှင့်   အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများ/ဖွံ့ဖြိုးမှုမိတ်ဖက်များ အထူး အစည်းအဝေးများကို      နိုဝင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း      သိရ သည်။  


သတင်းစဉ်