
နေပြည်တော် ဧပြီ ၂၇
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ဘားအံတပ်နယ်ရှိ နယ်မြေခံ တပ်ရင်းတွင် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု၊ ဥစားကြက် မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိ မှုနှင့် DYL ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်