
နေပြည်တော် မတ် ၃၀
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် မတ် ၂၉ ရက် ညနေပိုင်းတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့ရှိ နယ်မြေခံတပ်ရင်း တွင် မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ အသားတိုးနွား မွေးမြူရေး ခြံနှင့် ဆိတ်မွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
သတင်းစဉ်