ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ထွက်ရှိစေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးသွားရမည်

 

နေပြည်တော်  နိုဝင်ဘာ  ၂၂


စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။  


ဦးစွာ  တာဝန်ရှိသူများနှင့် ဦးစီးဌာနမှူးတို့က   လျှပ်စစ်၊ ဘွိုင်လာ၊   စက်မှုလုပ်ငန်းများ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေ မှု၊  စက်မှုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနေမှု၊   အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးအတွက်  ဆောင်ရွက်ပေးနေ မှု၊ MSME ချေးငွေထုတ်ချေးပေးမှု နှင့် MSME Member Card များ ထုတ်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက   စက်မှုကြီးကြပ်ရေး နှင့်   စစ်ဆေးရေးဦးစီးဌာနသည် ပြဋ္ဌာန်းထားသည့် ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးဥပဒေ၊ စက်မှုဥပဒေ၊ လျှပ်စစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေး၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေး၊ စက်မှုဇုန် များ စနစ်တကျရှိစေရေး၊ MSME များ    ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စနစ်တကျ   အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


 လေ့လာသင်ယူ


ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ထွက်ရှိစေရေးအတွက် လုပ်ငန်း ရှင်များ လိုအပ်သည့်အကြံဉာဏ် များနှင့် အခြားလိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးသွားရမည် ဖြစ်ကြောင်း၊  ဝန်ထမ်းများအနေ ဖြင့်    စက်မှုကဏ္ဍနှင့်   ပတ်သက် သည့် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို သိရှိအောင်လေ့လာ သွားရန်နှင့်  မိမိတို့တတ်မြောက် ထားသည့်   ပညာရပ်များဖြင့် ပြည်သူကို  အလုပ်အကျွေးပြု၍ ပြည်သူမှ ယုံကြည်ကိုးစားသည့် ဝန်ထမ်းများဖြစ်စေရေးအတွက် တစ်ဦးချင်းအရည်အသွေး၊ အရည် အချင်း ပြည့်ဝသည့် ဝန်ထမ်းများ ဖြစ်အောင် လေ့လာသင်ယူသွား ကြရန် မှာကြားသည်။


ပေါင်းစပ်ညှိနှိုင်း


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားခရိုင်နှင့်  ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနရုံးများသို့ သွားရောက် ၍   ဝန်ထမ်းများနှင့်  တွေ့ဆုံပြီး မိမိတို့အား    ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင် အောင် ကြိုးစားဆောင်ရွက်ကြရန် နှင့်  စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အားသွန်ခွန်စိုက် ကြိုးစားဆောင် ရွက်ကြရန်  မှာကြား၍ ဝ န်ထမ်း များ၏     တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း          ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                          

သတင်းစဉ်