
ဥတ္တရသီရိ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်း (MWCDF)မှ ကြီးမှူးဖွင့်လှစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ လုပ်ကိုင်နိုင်ရေး ရည်ရွယ်၍ အခြေခံဝါးလက်မှုပညာ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ဥတ္တရသီရိမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစမ်းစမ်းအေးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေး အသင်း (MWCDF) ဥက္ကဋ္ဌ ဒေါ်သူဇာဝေက ကျေးလက်နေ အမျိုးသမီးများ တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေရရှိစေရန်အတွက် သင်တန်း ကာလအတွင်း ခဲတံ၊ ဘောပင် ထည့်ခွက် ပြုလုပ်နည်းကို ပထမဆုံး သင်ကြားပေးခဲ့ပြီး အပူခံပြား၊ ရက်ထည် ကော်ပန်း အဝိုင်း၊ တစ်ရှူးဘောက်၊ ဓာတ်ပုံပေါင် ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပြီး မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလို ဒေသထွက်ကုန် ဝါးများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ ဒေါ်သူဇာဝေက အခြေခံဝါးလက်မှုပညာ သင်ကြား ပေးသည့် သင်တန်းဆရာ ဆရာမ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခြေခံဝါးလက်မှုပညာ ရက်တို သင်တန်း တက်ရောက်အောင်မြင် ခဲ့သည့် သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ယင်းနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသူ များ ပြုလုပ်ထားသည့် အခြေခံ လူသုံးကုန် ဝါးလက်မှုပစ္စည်း များအား ကြည့်ရှုခဲ့ကြောင်း သိရ သည်။
ကျော်စွာဟိန်း(ပြန်/ဆက်)