ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက ၈၅၀၀၀ ကျော် စိုက်ပျိုးသွားရန်လျာထား

 

ပဲခူး   မတ်   ၅


ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီ ဖူလုံမှု ၉၃ ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ် စိုက်ပျိုးနိုင်ရေး  ဆီထွက်နေကြာမျိုးများ   အခမဲ့ ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ ဒေသတွင်းစားသုံးဆီဖူလုံမှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်မံ၍ ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက  ၈၅၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင် ရွက်လျက်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက    မတ် ၄ ရက်   နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရန် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြောကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက်   အမှန်တကယ်   နေကြာစိုက်ပျိုး ဖြစ်ထွန်းစေမည့် စိုက်ပျိုးမြေများရှာဖွေ၍ တစ်ကွင်း တစ်ဆက်တည်း  ဧကများစွာ    တို့ချဲ့စိုက်ပျိုးရန် လိုအပ်ပြီး အသိပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် များဖြန့်ဖြူးပေးခြင်း၊   သွင်းအားစုများ ထောက်ပံ့ ပေးခြင်းနှင့် ရေရရှိရေး ဆောင်ရွက်ပေးခြင်းများကိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မျိုးစုဆောင်း ဝယ်ယူရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း တိုးတက်သည့် နေကြာမျိုးများ ကြိုတင်ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 


ထို့နောက်     စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက     စိုက်ပျိုးထွက်ရှိလာသည့် နေကြာများ ဈေးကွက်ခိုင်မာမှုရှိစေရေးနှင့် ဆီစက် လုပ်ငန်းရှင်များနှင့်  တိုက်ရိုက်ချိတ်ဆက်ပေးမည့် အခြေအနေများ၊ သွင်းအားစုနှင့် နေကြာမျိုး လိုအပ် ချက် ကြိုတင်စုဆောင်းထားရန်၊ စိုက်ပျိုးရေရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊    စက် ယန္တရားများ ထောက်ပံ့ပေးမည့်   အခြေအနေများ နှင့် ခရိုင်အလိုက် နေကြာစိုက်ပျိုးသွားမည့်မြေနေရာ  စာရင်းပြုစုထားရှိမှု၊ အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ကွင်းဆင်းဆောင်ရွက်သွားမည့် အခြေအနေ များကို  ရှင်းလင်းတင်ပြကြရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။                        

သတင်းစဉ်