
ဘားအံ မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ၏ စတုတ္ထအကြိမ် မြောက် စိုက်ပျိုးရေးဒီပလိုအပ်နှင်း ပွဲ အခမ်းအနားကို မတ် ၄ ရက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဒီပလိုမာ အပ်နှင်းပွဲတွင် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်း အုပ်ဆရာမကြီးနှင့်တကွ စိုက်ပျိုး ရေးသိပ္ပံ (ဇွဲကပင်)၏ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ က သက်ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်လျက် စင်မြင့်ထက်သို့ ကြွရောက်နေရာယူကြပြီး ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ပေးရာ ယနေ့အထိ ဒီပလိုမာလက်မှတ်ရ ကျောင်းသား ကျောင်းသူ ၂၄၂ ဦး ကို နိုင်ငံတော်၏ စိုက်ပျိုးရေး နယ်ပယ်တွင် အင်အားသစ်များ အဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ဒီပလိုမာနှင့် ရောင့်ရဲ မနေဘဲ B.Ag , M.Ag နှင့် ပါရဂူ ဘွဲ့များအထိ ကြိုးစားကြစေလို ကြောင်း၊ သင်ယူတတ်မြောက် ထားသည့် စိုက်ပျိုးရေးပညာဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး အမြဲတီထွင်ကြံဆလုပ်ကိုင်ကြ ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူများ၏ ဘဝကို မြှင့်တင်နိုင်အောင် ဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)၏ ကျောင်းအုပ်ဆရာမ ကြီးက စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် ရယူကြမည့် ကျောင်းသား ကျောင်းသူ ၃၂ ဦး အား စိုက်ပျိုးရေးပညာရှင်(စိုက်ပျိုး ရေးဒီပလိုမာ) အောင်လက်မှတ် များကို အပ်နှင်းပြီး ပြည်နယ် ဝန်ကြီးချုပ်က ပထမနှစ်မှ နောက် ဆုံးနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် နည်းပညာ တက္ကသိုလ်၌ ၂၀၂၁- ၂၀၂၂ ခြောက် လ ဘတ်ဂျက် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သော အရှည် ပေ ၁၉၇၀ ရှိ အုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာန ဘားအံပညာရေးဒီဂရီ ကောလိပ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) သင် တန်းဆင်းလက်မှတ်အပ်နှင်းပွဲကို အဆိုပါဒီဂရီကောလိပ် သီရိခန်းမ ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သော၊ တီထွင်ဖန်တီး နိုင်စွမ်းရှိသော၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တတ်သော၊ သိက္ခာရှိ ပြီး ပညာရေး၊ လူမှုရေးလုပ်ငန်း များတွင် ရပ်ရွာဒေသနှင့် နိုင်ငံ တော်မှ အားကိုးအားထားပြုရ သော ဆရာကောင်း ဆရာမွန်များ ဖြစ်အောင် ပါတီနိုင်ငံရေးကင်းရှင်း သည့် ဝန်ထမ်းကောင်းများဖြစ် အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ဘားအံ၊ လှိုင်းဘွဲ၊ ကော့ ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၂၀၃ ဦးတို့၏ မြို့နယ်အလိုက်ကိုယ်စား လှယ်များထံ သင်တန်းဆင်းလက် မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)