ဒေသဖွံ့ဖြိုး အလှတိုးစေသည့် ဂုဏ်ယူဝင့်ကြွား စော်ကဲမြစ်ကူးတံတား

Type

 

မော်ကျွန်း-မြင့်အောင်

 

စော်ကဲမြစ်နှင့် မြစ်ကူးတံတား
စော်ကဲမြစ်သည် ရေစီးသန်သည်။ လှိုင်းကြီးသည်။ မြစ်ကျယ်သည်။ လေးခွဆိုင် မြစ်ပြင်ကျယ်ဖြစ်သည်။ ဧရာဝတီမြစ်ကြီး၏      မြစ်လက်တက်ဖြစ်သည်။ စာရေးသူတို့ငယ်ငယ်က       ကျွန်းကြီးကပ်ခိုသို့ စက်လှေဖြင့်သွားလျှင် စော်ကဲမြစ် လေးခွဆိုင်ကို ဖြတ်ကျော်ရသည်။ မြစ်လယ်ခေါင်အရောက်တွင် ကြောက်စိတ်ဝင်လာသဖြင့် ရင်ထဲတထိတ်ထိတ်။
အခုတော့ စော်ကဲမြစ်ကူးတံတား တည်ဆောက် ပြီးစီးပြီဖြစ်သည်။    ဒေသခံများသာ   မဖြစ်မနေ စော်ကဲမြစ်ကို  ဖြတ်ကူးကြရသည်။  မြို့နယ်နေ ပြည်သူများသည် မော်တော်ယာဉ်မျိုးစုံဖြင့် စော်ကဲ မြစ်ကူးတံတားပေါ်မှ တညိမ့်ညိမ့် တသိမ့်သိမ့် ဖြတ် သန်းကာ    စော်ကဲမြစ်၏အလှကို ကြည့်ရှုခံစား ကြသည်။   စော်ကဲမြစ်ကြောင့်   ရင်ခုန်လှုပ်ရှားမှု မရှိကြတော့ချေ။
စော်ကဲမြစ်ကူးတံတားကို   ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တံတား တည်ဆောက် ရေးအဖွဲ့(၂)  ညောင်ဦးက  ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ် သည်။  စော်ကဲမြစ်မှာ ကျယ်ပြောလှသဖြင့် ဤ နေရာတွင် မြစ်ကူးတံတားတစ်စင်း ပေါ်ပေါက်လာ မည်ဟု မည်သူမျှမထင်ခဲ့။ ယခုတော့ စိတ်ကူးယဉ် အိပ်မက်တံတား မဟုတ်တော့ပေ။ 
မော်လမြိုင်ကျွန်း-ပုသိမ် ခရီးစဉ်
မတ် ၈ ရက်က စာရေးသူအား ကားဖြင့် ပုသိမ် မြို့ခရီးစဉ်တွင်    လိုက်ပါခဲ့ရန်   သူငယ်ချင်းများက ဖိတ်ခေါ်သဖြင့် လိုက်ဖြစ်ခဲ့သည်။ မော်လမြိုင်ကျွန်း- ဝါးခယ်မ-မြောင်းမြ-ပုသိမ်မြို့ ဒုတိယဆက်သွယ် ရေးလမ်းကြောင်းမှ သွားရောက်ကြမည်ဖြစ်သည်။ စာရေးသူမှာ    မော်လမြိုင်ကျွန်း-မအူပင်-ပုသိမ် လမ်းမှ ပုသိမ်မြို့သို့ အကြိမ်ကြိမ်ရောက်ဖူးသော် လည်း  မော်လမြိုင်ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ် လမ်းကြောင်းမှမူ တစ်ခါမျှ မသွားဖူးသေးချေ။ ဒုတိယဆက်သွယ်ရေးလမ်းသစ်၏ မြင်ကွင်းသစ် များကို ကြည့်ရှုခံစားရတော့မည်ဖြစ်သည်။
နံနက်  ၅  နာရီခွဲတွင်  မော်လမြိုင်ကျွန်းမြို့မှ ပရိုဘောက်စ်ကားလေးဖြင့် စတင်ထွက်ခွာခဲ့သည်။  နံနက် ၆ နာရီခန့်တွင်  မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားပေါ်သို့     ရောက်ပါပြီ။ စော်ကဲမြစ်ပြင်ကျယ်မှ    ဖြတ်သန်းတိုက်ခတ်လာ သော လေနုအေးကလေးများကြောင့် ချမ်းတစိမ့်စိမ့် ဖြစ်လာသည်။ 
စော်ကဲမြစ်ကူးတံတားပေါ်ဝယ်   မော်လမြိုင် ကျွန်း- ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်းကြောင်း ၏   အရေးပါပုံနှင့်   ခရီးအကွာအဝေးအကြောင်း သူငယ်ချင်းအချင်းချင်း   စကားလက်ဆုံကျမိကြ သည်။   ခရီးအကွာအဝေးကို   တွက်ကြည့်လျှင် ပုသိမ်-မော်လမြိုင်ကျွန်း    ဒုတိယဆက်သွယ်ရေး လမ်းကြောင်း  ခရီးစဉ်သည် ၇၃ မိုင်သာ ကွာဝေး သည်။ နာရီအားဖြင့် သုံးနာရီသွားလျှင် မော်လမြိုင် ကျွန်းမှ ပုသိမ်မြို့သို့ရောက်သည်။
စာရေးသူတို့ ယခင်အသုံးပြုနေသော ပထမ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မော်လမြိုင် ကျွန်း-မအူပင်-ပုသိမ်   ခရီးလမ်းကြောင်းထက် အချိန်အားဖြင့် လေးနာရီ ပိုမိုသက်သာပြီး ခရီးမိုင် အားဖြင့် ၇၇ မိုင် သက်သာသွားမည်ဖြစ်သည်။
ဂုဏ်ယူဝင့်ကြွားဖွယ်
မြစ်ကူးတံတား တစ်စင်း
စော်ကဲမြစ်ကူးတံတားမှာ ဒေသဖွံ့ဖြိုး အလှတိုး စေသည့်   ဂုဏ်ယူဝင့်ကြွားဖွယ်    မြစ်ကူးတံတား တစ်စင်းလည်းဖြစ်သည်။  စော်ကဲမြစ်ကူးတံတား တည်ဆောက်ပြီးစီးသွား၍ လမ်းပန်းဆက်သွယ်ရေး တွင်    ပြည်သူတို့   အားထားသုံးစွဲနေရခြင်းကို မြို့နယ်နေပြည်သူများက ဂုဏ်ယူနေကြခြင်းဖြစ်ပေ သည်။
စော်ကဲမြစ်ကူးတံတားသည် အရှည်ပေ ၂၄၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း အကျယ်   တစ်ဖက်   သုံးပေစီရှိသည်။    ရေလမ်း ကင်းလွတ်အမြင့် ပေ ၄၀ နှင့် ရေလမ်းကင်းလွတ် အကျယ် ပေ ၂၄၀ ရှိသည်။ ပင်မတံတားမှာ သံမဏိ သံပေါင် အမျိုးအစားဖြစ်သည်။
ယခင်က  ပုသိမ်မြို့သို့  ဆက်သွယ်ရေးလမ်း ကြောင်း    တစ်ကြောင်းတည်းကိုသာ    အားကိုး အားထားပြု   သွားလာနေကြရသော    ဧရာဝတီ တိုင်းဒေသကြီး၏ အရှေ့ခြမ်းမြို့နယ်များဖြစ်သော မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များသည်  ယခုအခါ  ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မော်လမြိုင် ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ် လမ်းကြောင်း ကိုသာ အသုံးများနေကြပြီဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများ
စော်ကဲမြစ်ကူးတံတားကြောင့် ဧရာဝတီတိုင်း ဒေသကြီး အရှေ့ဘက်ခြမ်းမှ ဒေသကုန်စည်များကို  တိုင်းဒေသကြီး အနောက်တောင်ဘက်ခြမ်းဆီသို့ နေ့ချင်းပြန်ခရီးဖြင့်   ပို့ဆောင်ရောင်းဝယ်နိုင်ကြ သည်။ ဆက်သွယ်ကူးသန်းနိုင်ကြသည်။ ကုန်စည် ဈေးကွက်အရောက် အတားအဆီးမရှိ ပို့ဆောင် ရောင်းဝယ်နိုင်ကြသည်။ အချင်းချင်းလည်း ဈေးနှုန်း သတင်း၊   ဈေးကွက်သတင်း   ဖလှယ်ကြသည်။ ရင်းနှီးကျွမ်းဝင်လာကြသည် မဟုတ်ပါလား။
မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊    ဝါးခယ်မ၊   မြောင်းမြနှင့်  ပုသိမ် မြို့နယ်တို့တွင် ဤသို့ဤနှယ် လမ်းပန်းဆက်သွယ် ရေး၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ခံစား ကြရသည်။  လမ်းပန်းဆက်သွယ်ရေး ကွန်ရက်၏ အကျိုးကျေးဇူးများပင်ဖြစ်သည်။
ပုသိမ်ခရီး အနီးကလေးပါ
စာရေးသူတို့အဖွဲ့သည်   လမ်းတစ်လျှောက် စားသောက်ဆိုင်များတွင်   အခြားမြို့နယ်များမှ ခရီးသွားပြည်သူများနှင့်လည်း တွေ့ဆုံရင်းနှီးခွင့် ရကြသည်။ ကုန်စည်စီးဆင်းမှုအကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးအကြောင်း၊ ဈေးကွက်အကြောင်း၊ ဟိုအကြောင်း   ဒီအကြောင်း   တွေ့ဆုံဆွေးနွေးခွင့် ရကြသည်။ စကားလက်ဆုံကျကြသည်။ ပျော်ရွှင် ကြည်နူးကြရသည်။ 
ယခင်က   ဧရာမြေတွင်   တစ်မြို့နယ်နှင့် တစ်မြို့နယ်ကြား ကုန်းလမ်းခရီး မော်တော်ကားဖြင့် ဆက်သွယ်သွားလာမှု နည်းပါးခဲ့ကြသည်။ ယခု တော့   မြစ်ကူးတံတားကြီးများဖြင့်   ပေါင်းကူး ဆက်သွယ်လိုက်သောအခါ  ဧရာမြေ၏အလှသည် ပိုမိုတင့်တယ်လှပလာသည်။ အလှပေါ်အယဉ်ဆင့် အသွင်တင့်လာသည်။ ဖွံ့ဖြိုးတိုးတက်လာပါတော့ သည်။ 
မော်လမြိုင်ကျွန်းမှ ပုသိမ်မြို့သို့ ခရီးတွင်လည်း ဒုတိယဆက်သွယ်ရေးလမ်းကြောင်းဖြင့်   အချိန်တို အတွင်း    လိုရာသို့   ရောက်ရှိနိုင်ကြပြီဖြစ်သည်၊၊ “ပုသိမ်ခရီး အနီးကလေးပါ ခရီးမဝေးပါ”  ဟုသာ စာရေးသူ ဆိုလိုက်ချင်ပါတော့သည်။
အရေးပါသော မြစ်ကူးတံတားကြီးများ
ယင်း ဒုတိယဆက်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော မြစ်ကူးတံတားကြီးများမှာ စော်ကဲ မြစ်ကူးတံတား(အရှည် ပေ ၂၄၆၀)၊ ကျွန်းပြဿဒ် မြစ်ကူးတံတား(အရှည် ပေ  ၂၃၆၀)နှင့်  ကျွန်းကုန်း မြစ်ကူးတံတား(အရှည် ၇၈၇  ပေ  ၅  လက်မ)တို့ ဖြစ်ကြသည်။ ထိုအထဲတွင် စော်ကဲမြစ်ကူးတံတား ကြီးမှာ အရှည်ဆုံးတံတားကြီး ဖြစ်ပေသည်၊၊
လမ်းပန်းဆက်သွယ်ရေး    ဖွံ့ဖြိုးတိုးတက်မှု ကြောင့်     ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး လိုက်ဖက်ညီစွာ   ဖွံ့ဖြိုးတိုးတက်လာသည့်နည်းတူ  ရေပတ်လည်ဝိုင်းရံလျက်ရှိသော   ကျွန်းစုမြို့ဟု တင်စားခေါ်ဝေါ်ခံရသော    မော်လမြိုင်ကျွန်းမြို့ သည်ပင်    လမ်းပန်းဆက်သွယ်ရေး၏     အကျိုး ကျေးဇူးကြောင့် ဖွံ့ဖြိုးတိုးတက်လာသည်၊၊ လမ်းဆုံ မြို့အဖြစ် နာမည်ရလာသည်။  မော်လမြိုင်ကျွန်း မြို့နယ်  အပါအဝင် ဧရာဝတီတိုင်းဒေသကြီးကို ဖွံ့ဖြိုး အလှတိုးစေသည့် စော်ကဲမြစ်ကူးတံတားသည် ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး အောင်မြင်မှုတစ်ခုအဖြစ်  ဂုဏ်ပြုရေးသားလိုက်ရ ပေသည်၊၊     ။