ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍတစ်ခုလုံး တိုးတက်ဖွံ့ဖြိုးရန် လိုအပ်

 

နေပြည်တော် ဩဂုတ် ၄


နေပြည်တော်    ကောင်စီနယ်မြေ  စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများ  အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီ    လုပ်ငန်းညှိနှိုင်း အစည်းအဝေး    (၃/၂၀၂၂)  ကို   ဩဂုတ်    ၃  ရက်  ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က  နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသန့်ရှင်းသာယာသော ဒေသတစ်ခုအဖြစ်    အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ၏    လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  လယ်ယာကဏ္ဍတစ်ခု လုံး တိုးတက်ဖွံ့ဖြိုးရန် လိုအပ် သည့်အပြင်   စိုက်ပျိုးမွေးမြူရေးထွက်ကုန်အခြေခံသည့်   စက်မှု လုပ်ငန်းများ       ထွန်းကားရေး ဘက်စုံထောင့်စုံမှ ကြိုးပမ်းလျက် ရှိကြောင်း၊   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ  အကောင်အထည် ဖော်မှု   ကြီးကြပ်ရေးကော်မတီ အနေဖြင့်  ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ    ပူးပေါင်း ဆောင်ရွက်ရေးနှင့် လုပ်ငန်းတစ်ခု ချင်း      ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြော ကြားသည်။

 


ဆက်လက်၍     အမြဲတမ်း အတွင်းဝန်၊    ညွှန်ကြားရေးမှူး ချုပ်များ၊   ပါမောက္ခချုပ်များနှင့်  နေပြည်တော် ကောင်စီနယ်မြေ လယ်ယာကဏ္ဍဆိုင်ရာ    တာဝန် ရှိသူများက နေပြည်တော်ကောင်စီ နယ်မြေကို လယ်ယာကဏ္ဍအခြေခံ  ဖွံ့ဖြိုးတိုးတက်မှု    အားကောင်း သော      စီးပွားရေးနယ်မြေအဖြစ်        အကောင်   အထည်ဖော်နိုင်ရေး၊    စိုက်ပျိုးမွေးမြူရေးဆိုင်ရာ  ထုတ် လုပ်နိုင်စွမ်းအား    တိုးတက်ရေး၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သော စံပြ ကျေးရွာများ ထူထောင်ရေး၊ ကဏ္ဍ အလိုက်    ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊       ရင်းနှီးမြှုပ်နှံမှု အားကောင်းလာစေရေး၊  သုတေ သနနှင့်    နည်းပညာဖွံ့ဖြိုးတိုးတက် ရေးနှင့်      ပြည်တွင်း     ပြည်ပ ဈေးကွက်  ချိတ်ဆက်ရေးဆိုင်ရာကိစ္စရပ်များကို     ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။      

သတင်းစဉ်