ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥနှင့် ရာသီသီးနှံများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

 

နေပြည်တော်   ဩဂုတ်   ၂၃


စစ်မှုထမ်းဟောင်း   အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊    ဌာန ဆိုင်ရာဝန်ထမ်းများနှင့်   ဒေသခံ ပြည်သူများ     စားသောက်ရေး အထောက်အကူ     ဖြစ်စေရန် ရည်ရွယ်၍   တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ  မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်    ထမင်းဟင်းများ၊ ဟင်းသီး      ဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ်  အသား၊ ငါးဘူးများနှင့်    စားသောက်ကုန် ပစ္စည်းများကို    ရောင်းချပေးလျက် ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၂၂ ရက်နှင့်    ယနေ့ နံနက်ပိုင်းတို့တွင် အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်မြေခံ တပ်မတော်သားများက လင်းခေး မြို့     ယာယီပျံကျဈေးအနီး၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ       နယ်မြေခံ တပ်မတော်သားများက မန္တလေး တိုင်းဒေသကြီး   အောင်မြေသာစံ မြို့နယ်    သီရိမာလာအနောက် ရပ်ကွက် ကမ်းနားအောက်လမ်း ၂၂ လမ်းနှင့်    ၂၆  လမ်းကြားရှိ သီရိမာလာဈေး       အရှေ့၌ လည်းကောင်း    တပ်မတော်သား  မိသားစုဝင်များ၏  တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး    လုပ်ငန်းနှင့် ဘက်စုံ         စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ  ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကြက်သွန်နီ၊    ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး   စသည့် ရာသီသီးနှံ များကို    ပြင်ပပေါက်ဈေးထက် သက်သာသော     ဈေးနှုန်းများ ဖြင့်   ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်