ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် 
မြစ်ရေယာဉ်(စကု)တို့သည် ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၊ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ 
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၁၇
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး       စောင့်ရှောက်မှုလုပ်ငန်း များ   ဆောင်ရွက်ပေးရန်အတွက် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်မှ  ပါရဂူများ၊ ဆေးမှူးများ၊    သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊  ဆရာဝန်များ၊  သူနာပြုများ ပါဝင်သော    နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  ယနေ့တွင်  ရခိုင် ပြည်နယ်      ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ရှိ     Students Hostel  ၌ အခြေပြု၍ ကျောက်ဖြူ မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များမှ   ဒေသခံပြည်သူများအား ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့  ဆောင်ရွက်ပေးရာတွင် နယ်လှည့်   အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ  ရောဂါ ၃၁၄ ဦး၊ ခွဲစိတ်ရောဂါ ၃၀ ၊  သားဖွား၊ မီးယပ်ရောဂါ ၂၅ ဦး၊   ကလေး ရောဂါ ၃၂ ဦး၊   အရိုးရောဂါ ၁၀၅ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၄၈ ဦး၊  မျက်စိရောဂါ ၁၃၅ ဦးနှင့်  သွားနှင့်ခံတွင်းရောဂါ ၇၅ ဦးတို့ကို   လိုအပ်သည့်    ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင်  အထွေထွေခွဲစိတ်လူနာ ၁၅ ဦး၊  ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ အာထရာဆောင်းဖြင့်      စမ်းသပ် စစ်ဆေးလူနာ ၄၈ ဦး၊  ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ  ၁၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ    ၃၆   ဦး စုစုပေါင်း ၇၆၄  ဦးတို့ကို  ရောဂါ ရှာဖွေစမ်းသပ်      ခွဲစိတ်ကုသပေး ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်  လိုအပ်သူ နှစ်ဦးကို     နီးစပ်ရာတပ်မတော် ဆေးရုံများသို့  တက်ရောက်ကုသ နိုင်ရေး     စီစဉ်ဆောင်ရွက်ပေး ကာ  မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးသည်။ 
အလားတူ       ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ    ဒေသခံ ပြည်သူများအား      ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက်   တပ်မတော် မြစ်တွင်းသွား    ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊    မြစ်ရေယာဉ် (စကု)တို့နှင့်အတူ     လိုက်ပါလာသည့် တပ်မတော်မှ  ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊   သူနာပြုများ   ပါဝင်သော နယ်လှည့်အထူးကု    ဆေးအဖွဲ့ သည် ယနေ့တွင်  ဧရာဝတီတိုင်း ဒေသကြီး         ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာ    ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန် ရှိသူများ၊  ရပ်မိရပ်ဖများ၊  ဒေသခံ ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊  ကျောင်းသူများက သောင်းသောင်းဖြဖြ       ကြိုဆို နှုတ်ဆက်ကြသည်။ 
အဆိုပါ    နယ်လှည့်အထူးကု ဆေးအဖွဲ့သည်   ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာရှိ         ဆိပ်သာ တိုက်နယ်ဆေးရုံ၌     အခြေပြု၍ ကြံခင်းမြို့နှင့်     ပတ်ဝန်းကျင် ကျေးရွာများမှ  ဒေသခံပြည်သူများ အား   ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ   ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု   ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ   ၁၅၁ ဦး၊  ခွဲစိတ်ရောဂါ ကိုးဦး၊  သားဖွား၊ မီးယပ်ရောဂါ  ခြောက်ဦး၊  ကလေး ရောဂါ ခြောက်ဦး၊   အရိုးရောဂါ  ၆၄ ဦး၊  နား၊ နှာခေါင်း၊  လည်ချောင်း ရောဂါ ၂၇ ဦး၊  မျက်စိရောဂါ ၈၅ ဦးနှင့်    သွားရောဂါ  ကိုးဦးတို့ကို    လိုအပ်သည့်  ဆေးဝါးကုသမှုများ   ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေ  ခွဲစိတ်လူနာ သုံးဦး၊  တယ်လီဗေးရှင်း   ဓာတ်မှန်ရိုက် လူနာ  ၁၈  ဦး၊     ECG   စက်ဖြင့်  နှလုံးစမ်းသပ်လူနာ    ၁၄    ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ     ၂၂     ဦး စုစုပေါင်း ၃၅၇ ဦးတို့ကို  ရောဂါ ရှာဖွေစမ်းသပ်   ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများ ကို     နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး  လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ်   ဒေသခံပြည်သူ များ၏ စကားသံများကို  ယခုလို ကြားသိခဲ့ရပါသည်-
ဦးညီညီ
စံပြရပ်ကွက်၊ ကျောက်ဖြူမြို့
တပ်မတော်   နယ်လှည့်ဆေး ကုသရေးအဖွဲ့   ရောက်လာတာ သိလို့  ကျွန်တော်လာရောက်ပြသ ပြီး      မျက်စိခွဲစိတ်ကုသရတာ ဝမ်းသာပါတယ်။ မျက်စိက  ၁၀ နှစ် ကျော်လောက်ရှိပါပြီ။   မမြင်ရပါ ဘူး။     ဝါးနေတာ။   အိမ်မှာပဲ သွားလိုက်၊ လာလိုက်၊ ချက်လိုက်နဲ့ နေနေရတာပါ။       ကျွန်တော့်ရဲ့ အားနည်းချက်ပါပဲ။   မျက်စိက လည်း  အလင်းရောင်ကလည်း မကောင်း၊      ပတ်ဝန်းကျင်က အပေါင်းအသင်း    တွေကလည်း လှောင်ပြောင်မှုတွေရှိလာပါတယ်။ ပိုပြီး    ခံစားရပါတယ်။           အခုလို တပ်မတော်အကြီးအကဲနဲ့  တာဝန် ရှိသူတွေအားလုံး  ကျွန်တော်တို့ကို အခမဲ့ဆေးကုသခွင့်   ရရှိအောင် ဖန်တီးပြုစုပေးရာမှာ   ကျွန်တော် ပါဝင်ကုသခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့   ပြော ကြားလိုပါတယ်။ အခုလို ဆေးကုသ ခွင့်ရတဲ့အတွက်ကြောင့် မျက်စိဖွင့် တဲ့အခါမှာ           ကျွန်တော့်မျက်စိ အလင်းရောင်ဟာ   နဂိုအတိုင်း ပြန်ရလာမယ်လို့    သိတဲ့အတွက် ကြောင့် အလွန်ပဲ ဝမ်းသာမိပါတယ်။
ဒေါ်မြဌေး
 မဲကုန်းကျေးရွာ၊ ကြံခင်းမြို့
အရိုးအကြော      လာရောက် ပြသတာပါ။   ရောဂါဖြစ်တာ၂ နှစ်၊ ၃နှစ်လောက်ရှိပါပြီ။ အခုကျတော့ ခြေထောက်တွေ ကိုက်ပါများလာ တော့   ထုံလာတာပေါ့။    ဒီကို တပ်မတော်  နယ်လှည့်ဆေးကုသ ရေးအဖွဲ့ လာတယ်ဆိုတော့  လာ ရောက်ပြသတာပါ။  ပထမပိုင်း ကတည်းက         တာဝန်ရှိသူတွေက တပ်မတော်  နယ်လှည့်ဆေးကုသ ရေးအဖွဲ့ လာမယ်လို့    ကြိုပြော ထားပါတယ်။   လာရောက်ကုသ တော့လည်း ကားတွေအကုန်စီစဉ် ပေးပါတယ်။       ဆရာဝန်က ဆေးလည်း           ထိုးပေးပါတယ်။ သောက်ဆေးလည်း  ပေးပါတယ်။ ညွှန်ကြားချက်တွေလည်း ပေးပါ တယ်။     ကုန်ကျစရိတ်ကတော့ လုံးဝမရှိပါဘူး။  အပြင်မှာတော့ ကုန်တာပေါ့။        ဆေးထိုးတယ်။ သောက်ဆေးပေးလည်း   ကုန်တာ ပေါ့။    ဒီမှာက   လုံးဝမရှိပါဘူး။ ဝမ်းသာပါတယ်။     အခုလိုမျိုး  လာရောက်ပြီး       လူမျိုးမရွေး         လာရောက်   ကုသပေးတဲ့အတွက်  အကုန်လုံး တပ်မတော်နယ်လှည့် ဆေးကုသရေးနဲ့     နိုင်ငံတော် အကြီးအကဲတွေ      အားလုံးကို  ကျေးဇူးတင်ဝမ်းသာပါတယ်။ 
သတင်းစဉ်