
နေပြည်တော် ဩဂုတ် ၁၁
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ စားရေးအဆင်ပြေစေရေး အတွက် စေတနာရှင်အလှူရှင် များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်လျက် ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် မြောက် ပိုင်း လားရှိုးမြို့နယ် ရပ်ကွက် (၁၀) ရှိ ဧလိမ်မိဘမဲ့ဂေဟာနှင့် ရပ်ကွက် (၁) ရှိ ‘ ‘ဝ” မိဘမဲ့ရိပ်သာတို့ရှိ မိဘမဲ့ ကလေးငယ်များအတွက် တာဝန်ရှိသူများကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ လားရှိုးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်း ထွန်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ပဲ၊ စားသောက်ကုန်ပစ္စည်း များနှင့် Mask ၂၀၀၀ တို့ကိုလည်း ကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး ကန်ကြီးထောင့်မြို့ မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူအိမ်ထောင် စု ၃၀၀ တို့အတွက် စားသောက် ကုန်ပစ္စည်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် စေတနာရှင်အလှူရှင်များကလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်နေ ပြည်သူ အိမ်ထောင်စု ၂၀၀ တို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်