ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဩဂုတ်  ၂၁


စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာ ရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း  (Volunteer) များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် တပ်မတော်နှင့်    စေတနာရှင်အလှူရှင် များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။


သွားရောက်ထောက်ပံ့လှူဒါန်း


ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများကို ဆန်နှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊    ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများ အတွက် ထောက်ပံ့ငွေကျပ် ၁၀၂၅ သိန်း၊ Quarantine  Center ၊ ကုသရေး စင်တာနှင့် ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းများ ၏ စားစရိတ်နှင့်  စက်သုံးဆီအတွက်   ထောက်ပံ့ ငွေကျပ် ၂၁၅၅ သိန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Quarantine Center၊ ကုသရေးစင်တာနှင့်       ကုသရေးဆေးရုံများတွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၁၇၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဆေးရုံတက်လူနာ များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကို လည်းကောင်း သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊  တိုင်းစစ် ဌာနချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန် ရှိသူများက   လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိ သည်။                                              

သတင်းစဉ်