
နေပြည်တော် စက်တင်ဘာ ၃
ဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပုဂံရုံးခွဲတာဝန်ခံများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ပထမအကြိမ် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီအစည်း အဝေးက ချမှတ်ထားသည့် မူဝါဒ များကို လုပ်ငန်းလမ်းညွှန်များ အဖြစ် ခံယူအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေး အတွက် လက်ရှိဆောင်ရွက်နေ သော လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရန် စီမံချက် ချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် အနေအထား၊ အားကစား၊ အစား အသောက်၊ ကျေးလက်ဓလေ့ထုံးစံ များကို အခြေခံသည့် လှုပ်ရှား ဖော်ဆောင်မှု အစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စည်းကမ်းများနှင့် အညီ Startup Project များအဖြစ် အစပျိုး အကောင်အထည်ဖော် နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက် ရောက်လာကြသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံ များက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ HSP သင်တန်းများ ဖွင့်လှစ်မည့်အစီ အစဉ်၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နေမှု အခြေအနေ၊ Startup Project ဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်