ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၂၀


ဒေသအကျိုးပြု စာတွေ့လက်တွေ့ မျှတသော  သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့်  Polytechnic University များ  တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများ  ဖြစ်ပေါ်လာရေး၊   ရန်ကုန်နည်းပညာတက္ကသိုလ်နှင့်  မန္တလေးနည်းပညာတက္ကသိုလ် တို့တွင်  Washington Accord   နှင့်အညီ   အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။  


အစည်းအဝေးတွင်   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး       ဒေါက်တာ မျိုးသိန်းကျော်က  ဒေသအကျိုးပြု စာတွေ့လက်တွေ့    မျှတသော သင်ကြားသင်ယူမှုများ    ဆောင် ရွက်နိုင်သည့်     Polytechnic University များ  တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ  သုတေသန အခြေပြု    တက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေးနှင့်  ပတ်သက်၍  အဖွင့် ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ  နာယက ကြီးများ၊    ဥက္ကဋ္ဌ၊   အဖွဲ့ဝင်များ နှင့်    တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊  ဌာနမှူးများက Polytechnic University    များ တည်ထောင်ရေး၊    နိုင်ငံတကာ အဆင့်မီ      သုတေသနအခြေပြု တက္ကသိုလ်ကြီးများ   ဖြစ်ပေါ်လာ ရေး၊       Washington Accord နှင့်အညီ   အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ     အရည်အသွေး စိစစ်အသိအမှတ်ပြုမှု     ရရှိရေး ညှိနှိုင်းဆွေးနွေး  အကြံပြု  ပြော ကြားသည်။


သိပ္ပံနှင့်  နည်းပညာဝန်ကြီး ဌာန အနေဖြင့် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီနှင့်  ချိတ်ဆက်ပြီး အင်ဂျင်နီယာအထူးပြု  ပညာရပ် ဆိုင်ရာ    အရည်အသွေးစိစစ် အသိအမှတ်ပြုရေး   စံသတ်မှတ် ချက်များ (Accreditation Criteria) အရ   ပိုမိုပြည့်စုံစွာ  စစ်ဆေးခံ နိုင်ရေး    ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ        အင်ဂျင်နီယာ ကောင်စီ၊  အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ   အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်း ကော်မတီ   (EEAC)   အနေဖြင့် International      Engineering Alliance ၏ Washington Accord တွင်  ပဏမအသိအမှတ်ပြုအဖွဲ့ဝင် (Provision Signatory)   ရရှိပြီး  အမြဲတမ်းအသိအမှတ်ပြုအဖွဲ့ဝင် (Full Signatory)   ရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသော ရန်ကုန်  နည်းပညာတက္ကသိုလ်နှင့် မန္တလေး  နည်းပညာတက္ကသိုလ် တို့အား    အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ   အရည်အသွေး စိစစ် အသိအမှတ်ပြုရေး  စံသတ် မှတ်ချက်များ   (Accreditation Criteria) အရ  ပိုမိုပြည့်မီစွာ စိစစ် ခံနိုင်ရေးအတွက်    ဆောင်ရွက် ရမည်များကို  Action Plan များ ရေးဆွဲပြီး    အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း   သိရ သည်။         

သတင်းစဉ်