
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၄ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်နန်းခင်ထွေးမြင့်(ဘ)ဦးစောလှထွန်း အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရမည့် ပြစ်ဒဏ်များ၏ ထက်ဝက်ကာလအား လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ