
နယူးဒေလီ မေ ၁
အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အခြား သော နီးစပ်ရာဒေသများရှိ စာသင် ကျောင်းများတွင် ဗုံးတပ်ဆင်ထား သည်ဟူသော ခြိမ်းခြောက်စာ အီးမေးလ်ကို မေ ၁ ရက်က လက်ခံ ရရှိခဲ့သည်။
အဆိုပါ ခြိမ်းခြောက်စာ ကြောင့် ဆရာများ၊ မိဘများ နှင့် လုံခြုံရေးအေဂျင်စီများ က ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဒေလီ မီးသတ်ဌာနက ပြောသည်။ စာသင်ကျောင်း အများအပြားမှာ ဗုံးတပ်ဆင်ထားသည် ဟူသော ခြိမ်းခြောက်စာ လက်ခံရရှိခဲ့ပြီး စာလက်ခံရရှိသည့်ကျောင်းအရေအတွက်မှာ ပိုမိုများပြားလာသည် ဟု မီးသတ်ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ဗုံးအန္တရာယ် ခြိမ်းခြောက် ခံထားရသည့် စာသင်ကျောင်း ပေါင်း ၈၀ ကျော်ရှိသည်ဟု သိရ သည်။ စာသင်ကျောင်းများက ကျောင်းသားများ၏ မိဘများထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး မိဘများက ကလေးများကို အိမ်ပြန်ခေါ်ရန် စာသင်ကျောင်း သို့ ကြောက်လန့်တကြား လာရောက်ခဲ့ကြသည်။
ဒေလီမြို့ရဲဌာန ဗုံးဌာနခွဲက စာသင်ကျောင်းများတွင် ရှာဖွေမှု ကို သေသေချာချာ ပြုလုပ်ခဲ့ကြ သည်။ သို့သော်လည်း မည်သည့် အရာမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဟု ဒေလီဗဟိုခရိုင် ရဲအရာရှိ ဒီဗက်ရှ် ကူမာ မက်ဟ်လာက ပြောသည်။ ကျောင်းသားများကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြ ပြီး အဆောက်အအုံများကိုလည်း သေသေချာချာ ရှာဖွေခဲ့ကြ သည်။
ယခုအချိန်အထိ မည်သည့် အရာမျှ ရှာမတွေ့သေးကြောင်း ဒေလီမြို့ ပညာရေးဝန်ကြီး အာတစ်ရှ် မာလီနာကပြောသည်။ စာသင်ကျောင်းများတွင် ဗုံး တပ်ဆင်ထားသည်ဆိုသော ခြိမ်း ခြောက်စာမှာ လှည့်ဖျားမှုတစ်ခု သာဖြစ်ပြီး ပြည်သူများအနေဖြင့် အထိတ်တလန့်မဖြစ်ကြရန်လည်း ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။ ဆင်ဟွာ