ဒေါ်လာဈေးပြန်ကျလာခြင်းကြောင့် ဖုန်းအမျိုးမျိုး ဈေးနှုန်းလျော့ကျလာ

 

ရန်ကုန် အောက်တိုဘာ ၂၇


ပြည်တွင်း၌ အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခြင်းနှင့်အတူ ပြည်ပမှတင်သွင်းရသည့် ဖုန်းများ နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးလည်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာ လျက်ရှိကြောင်း သိရသည်။

 


စက်တင်ဘာလကုန်ပိုင်းက  တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ နီးပါး အထိ အမြင့်ဆုံးရောက်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် အောက်တိုဘာလ အတွင်း  တဖြည်းဖြည်း  ပြန်လည်ကျဆင်းလာရာ  အောက်တိုဘာ လဆန်းက ကျပ် ၂၃၀၀ ကျော်၊ အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၂၁၂၀ ဝန်းကျင်၊ အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၂၀၅၀ ဝန်းကျင် ရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် ဈေးနှုန်းကျဆင်းမှု ပို၍မြန်လာခဲ့ကာ ‌အောက်တိုဘာ ၂၆ ရက်တွင်မူ ကျပ် ၁၈၈၀ ခန့်အထိ ကျလာခဲ့သည်။ 

 


ထို့ကြောင့် ဒေါ်လာဈေးအပေါ်အခြေခံ၍ ဈေးနှုန်းပြောင်းလဲတတ် သော ဖုန်းနှင့် ဆက်စပ်ပစ္စည်းများလည်း ဈေးကျလာခဲ့ခြင်းဖြစ်သကဲ့သို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သီတင်းကျွတ်ပရိုမိုးရှင်းများ ပြုလုပ်၍ ဈေးနှုန်းလျှော့ ရောင်းချကြခြင်း၊ နှစ်ကုန်တော့မည်ဖြစ်၍ လက်ကျန် ဖုန်းမော်ဒယ်ဟောင်းများကို ဈေးလျှော့ခြင်းတို့ကြောင့်လည်း ဈေးနှုန်း ကျဆင်းမှု ပို၍မြန်ဆန်လာခြင်းဖြစ်ကြောင်း သိရသည်။

 


ပြည်တွင်းဈေးကွက်၌  ဝယ်ယူမှုများပြားသော အလယ်အလတ် နှင့် တန်ဖိုးနိမ့် ဖုန်းမော်ဒယ်အချို့အတွက် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သော စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာ ၂၆ ရက် ဈေးနှုန်းကွာခြား ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။


ကိုစိုး