ဒေါ်လာ ၃ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ တက်စ်လာ ရှယ်ယာများ အီလွန်မက် ရောင်းချ

 

နယူးယောက်   ဒီဇင်ဘာ   ၁၅


အီလွန်မက်သည်        ယခုသီတင်းပတ်အတွင်း ဒေါ်လာ   ၃  ဒသမ  ၅၈  ဘီလီယံ     တန်ဖိုးရှိ တက်စ်လာကားထုတ်လုပ်သည့်     ကုမ္ပဏီ၏ ရှယ်ယာများကို  ရောင်းချခဲ့ကြောင်း သိရသည်။ 

 


တက်စ်လာကား ထုတ်လုပ်သည့်ကုမ္ပဏီ ၏ စီအီးအိုသည်  ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက် အတွင်း  ရှယ်ယာ ၂၂ သန်း  ရောင်းချခဲ့ကြောင်း အမေရိကန်လုံခြုံရေးနှင့်      လဲလှယ်ရေး ကော်မရှင်က      ဒီဇင်ဘာ   ၁၄    ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

 


မက်သည်       အောက်တိုဘာလအတွင်း ဆိုရှယ်မီဒီယာ   ကုမ္ပဏီဖြစ်သည့်    တွစ်တာ ကို    ဝယ်ယူရန်  ဒေါ်လာ   ၄၄   ဘီလီယံ  ကာမိစေ ရန်           ငွေကြေးအဖွဲ့အစည်းများမှ     ချေးငွေဒေါ်လာ    ၁၃  ဘီလီယံ   ရရှိခဲ့ကြောင်း    သိရသည်။ 
တွစ်တာ၏   ပိုင်ရှင်အသစ်သည်     နှစ်စဉ် အတိုး  တစ်ဘီလီယံ   ဒေါ်လာကျော်ပေးရန် လိုအပ်ကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ