ဒေးဒရဲမြို့နှင့် လေးမျက်နှာမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

 

 

နေပြည်တော်  စက်တင်ဘာ   ၁၁


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့်   သီးသန့် စောင့်ကြည့်ရမည့်   သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်    အောက်ဆီဂျင်လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊   ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်    အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်း ပေးလျက်ရှိရာ ယနေ့တွင်   ဧရာ ဝတီတိုင်းဒေသကြီး  ဒေးဒရဲမြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့  Oxygen  Concentrator  နှစ်လုံး၊   PPE ဝတ်စုံ ၁၀၀၊ Mask အခု  ၆၀၀၀၊ အလှူငွေ      ငါးသိန်းကျပ်ကို လည်းကောင်း၊        လေးမျက်နှာ မြို့ရှိ ပြည်သူ့ဆေးရုံနှင့်  အိုင်သပြု တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်  ဖွယ်ရာများကို    လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက  လက်ခံရယူ ကြသည်။ 
 ညှိနှိုင်းဆောင်ရွက်
ထို့ပြင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင်  လိုအပ်ချက်များမရှိစေရေး အတွက်   ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen  Plant   များကို တိုးမြှင့်တပ်ဆင်   လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီး သီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေပိုင်း တွင်   ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့    မြို့နယ်ပြည်သူ့ ဆေရုံ(ခုတင်-၂၀၀)၌   ကျန်းမာ ရေးဝန်ကြီးဌာန၏    အစီအစဉ် ဖြင့်   ပေးပို့သော     အောက်ဆီဂျင် ထုတ်လုပ်သည့်စက်       ရောက်ရှိ တပ်ဆင်နေမှု အခြေအနေများကို ခရိုင်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု ပြီး   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်