
ဒေးဒရဲ နိုဝင်ဘာ ၂
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ငွေပဒေသာပင်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာ ၂ ရက်တွင် စိုက်ထူလှူဒါန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူးမှ ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ များနှင့် လူမှုရေးအဖွဲ့အစည်းများရှိ တာဝန်ရှိသူများက မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပေးအပ်လှူဒါန်းသည့် လှူဒါန်းငွေကျပ် ၁၀ သိန်းကို မြတ်စေတနာ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီအဖွဲ့သို့ ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဦးကျင်စိန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး အဘိုးအဘွားများက ဆုတောင်းမေတ္တာစကားပြန်လည် ပြောကြားခဲ့သည်။
အေဇာလင်း