ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကြောင့် အာဆီယံဒေသကို လူမှုစီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်တိုးတက်မှုရှိစေရေး ကူညီပေးနိုင်တဲ့ အလားအလာများလည်း ရရှိမှာဖြစ်

ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် အဖွင့်အမှာစကား
 

 

အာဆီယံဝန်ကြီးများနဲ့  ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၊ လေးစားအပ်တဲ့ ကိုယ်စားလှယ် တော်ကြီးများနဲ့     ဂုဏ်သရေရှိ     လူကြီးမင်းများ ခင်ဗျား- 
ဒုတိယအကြိမ်  အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ   အစည်းအဝေးဖွင့်ပွဲမှာ    မင်္ဂလာ နံနက်ခင်းပါလို့   ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ယခုနှစ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ ဆွေးနွေးဖက်နိုင်ငံများနဲ့ ဆက်စပ် အစည်းအဝေးများကို   အိမ်ရှင်အဖြစ်   လက်ခံ ကျင်းပရခြင်းဟာ   မြန်မာနိုင်ငံအတွက်  များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 


အားလုံးကို   နေပြည်တော်ကို    ကိုယ်တိုင် အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုပေမယ့်  အာဆီယံဒေသနဲ့ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အခု လို   ဖိတ်ခေါ်ကြိုဆိုခွင့် မရခြင်းဖြစ်ပါတယ်။ 


တစ်ဖက်ကကြည့်ရင်လည်း   2nd ADGMIN  အစည်းအဝေးကို  virtual format နဲ့            ပြုလုပ်နိုင် ခြင်းဟာ မိမိတို့နိုင်ငံများနဲ့   မိမိတို့ရဲ့စီးပွားရေး အတွက် မြန်နှုန်းမြင့်အင်တာနက်နဲ့  ဒစ်ဂျစ်တယ် နည်းပညာရဲ့    ပိုမိုအရေးပါလာမှုကို  ရှင်းရှင်း လင်းလင်း ဖော်ပြခွင့်ရရှိလိုက်တာပဲ ဖြစ်ပါတယ်။
ဦးဆောင်မှုပြု


ADGMIN ဟာ ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှုနဲ့ အိုင်စီတီ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို  ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိ တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် အာဆီယံရဲ့ စီးပွားရေးကပ်ရောဂါဘေးမှ ပြန်လည်ဦးမော့လာ ရေးနဲ့ ပိုမိုတိုးတက်ရေးတို့အတွက် ဦးဆောင်မှုပြုတဲ့ အခန်းကဏ္ဍကနေ     ပါဝင်နေပါတယ်။  ယခုလို အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအနေနဲ့ နောက်တစ်ကြိမ် ADGMIN အစည်းအဝေးမတိုင်မီ ကာလအထိ  အာဆီယံဒေသအတွင်း  လိုအပ်တဲ့ လမ်းညွှန်မှုများပေးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းသွားကြ ဖို့အတွက်  အဆင်သင့်ဖြစ်နေတာကို   တွေ့ရခြင်း ကြောင့် အလွန်ဝမ်းမြောက်မိပါတယ်။
ဒစ်ဂျစ်တယ်နည်းပညာဟာ   အားလုံးပါဝင် နိုင်ပြီး သာတူညီမျှမှုရှိတဲ့ စီးပွားရေးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင် ပေးနိုင်တဲ့ ကြီးမားတဲ့အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်မယ်ဆိုတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှသည် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများနဲ့ တစ်ဦးချင်းစီရဲ့ဘဝများ အပေါ်   ရရှိစေနိုင်မယ့် အကျိုးကျေးဇူးများအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြည့်စုံစွာနားလည်ဖို့ လိုအပ် နေသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ  နောက်ကျကျန်ရစ်ခဲ့မယ်ဆိုရင်    အခက်အခဲ ကြီးမားစွာ တွေ့ကြုံမှာဖြစ်ပါတယ်။ အခုလို အပြန် အလှန်ဆက်နွှယ်နေတဲ့၊ အပြန်အလှန်ချိတ်ဆက်နေ တဲ့ခေတ်မှာ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ ကွာဟမှု ဟာ အာဆီယံဒေသတွင်း အကျိုးစီးပွားကိုပါ များစွာ ထိခိုက်လာစေနိုင်မှာ ဖြစ်ပါတယ်။


ကတိပြုခဲ့ကြ


ဒါ့ကြောင့် အာဆီယံခေါင်းဆောင်များအနေနဲ့ ကလည်း    “အာဆီယံတွင်  ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို   မြှင့်တင်ခြင်းဆိုင်ရာ  အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်”မှာ   အားလုံး ပါဝင်နိုင်တဲ့   ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဖော်ဆောင်နိုင်စေဖို့ အတူတကွ လက်တွဲလုပ်ဆောင် ကြဖို့  ကတိပြုခဲ့ကြခြင်းဖြစ်ပါတယ်။


ယမန်နှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေ လေ့လာ တွေ့ရှိမှုတစ်ခုအရ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အားကောင်းတဲ့ အဖွဲ့အစည်းများဟာ ကပ်ရောဂါ ကာလအတွင်း လူမှုစီးပွားထိခိုက်မှုတွေကို ပိုမိုခံနိုင် ရည်ရှိကြောင်း ဖော်ထုတ်ရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာတစ်ဝန်း ကြီးမားတဲ့လူမှုစီးပွား ဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ကြောင်း အားလုံးအသိပဲဖြစ်ပါတယ်။   ကပ်ရောဂါကာလ အတွင်းမှာ လူ့အဖွဲ့အစည်းများအတွက် ချမှတ်ထား တဲ့ တားမြစ်ကန့်သတ်ချက်များကြောင့် စီးပွားရေး လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ ပြောင်းလဲဖို့ တွန်းအားဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီအချက်ကပဲ နိုင်ငံအသီးသီးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အလိုအလျောက် အရှိန်မြင့်တက် စေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကြောင့် နိုင်ငံတကာအစိုးရများအနေနဲ့ ကပ်ရောဂါကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ကူညီပေး နိုင်တဲ့ အခြေအနေများကိုလည်း ရရှိခဲ့ပါတယ်။ 


ဒါ့ကြောင့်  မိမိတို့ရဲ့  လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုဖြစ်ပေါ်နေတဲ့   ထိခိုက်မှုများကို လျော့ပါးစေဖို့အတွက် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ 
ဒါ့အပြင် အာဆီယံဒေသကို လူမှုစီးပွားရေး ဆိုင်ရာ  ပြန်လည်ထူထောင်  တိုးတက်မှုရှိစေရေး အတွက် ကူညီပေးနိုင်တဲ့ အလားအလာများလည်း ရရှိမှာဖြစ်ပါတယ်။
ဒါ့ကြောင့်  မိမိတို့အနေနဲ့  ယခုနှစ်  ADGMIN အစည်းအဝေးအတွက် “Digital Transformation– the Engine for ASEAN Economic Recovery from COVID-19” ကို အစည်းအဝေးခေါင်းစဉ်အဖြစ် ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြလိုပါတယ်။


လမ်းညွှန်ချက်များပေးနိုင်မှာဖြစ်


အာဆီယံရဲ့  ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ  ဖွံ့ဖြိုး တိုးတက်ရေး၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု တို့နဲ့ပတ်သက်ပြီး   အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအနေနဲ့ ၂၀၂၁ ခုနှစ်ကစပြီး အာဆီယံ ဒစ်ဂျစ်တယ်မဟာစီမံကိန်း ၂၀၂၅ (ASEAN Digital Masterplan 2025 - ADM 2025)ကို အတည်ပြု လက်ခံကျင့်သုံးနေပြီဆိုတာ      သိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ADM 2025 ဟာ လာမယ့် (၅)နှစ်အတွင်း အာဆီယံဒစ်ဂျစ်တယ်နဲ့ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းညွှန်ချက်များ ပေးနိုင်မှာဖြစ်ပြီး  အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီး များအနေနဲ့လည်း ဒေသတွင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး ကြိုးပမ်းမှုကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလုပ်ငန်းရပ်တွေ ဆောင်ရွက်နိုင် ဖို့အတွက် အာဆီယံခေါင်းဆောင်များထံမှလည်း ထောက်ခံမှု      ရရှိထားပြီးဖြစ်တယ်ဆိုတာကို ထည့်သွင်းပြောကြားလိုပါတယ်။


လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား


ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းရဲ့ အကျိုး ကျေးဇူးများကို    မိမိတို့အားလုံး  ကောင်းစွာသိရှိ နားလည်ထားပေမယ့်       ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းကြောင့် မိမိတို့ဒေသနဲ့ မိမိတို့ဘဝ များအပေါ် သက်ရောက်စေနိုင်တဲ့ ထိခိုက်မှုများနဲ့ အနှောင့်အယှက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ 
အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအနေနဲ့ အဆိုပါ ကြီးမားစွာပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုများမှ  ကာကွယ်နိုင်ဖို့အတွက်  လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါတယ်။


ပြင်ဆင်ဆောင်ရွက်မှုများအနေနဲ့ ပထမဆုံး ဆောင်ရွက်ရမှာကတော့ မိမိတို့အဖွဲ့ဝင်နိုင်ငံများနဲ့ မိမိတို့နိုင်ငံတွင်းရှိ  မတူညီတဲ့ဒေသများအကြားတွင် ချိတ်ဆက်နိုင်မှု  ကွာဟချက်များနဲ့   ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ကွာဟချက်များကို လျှော့ချရမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ဟာ အခြားသော ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ ထက် ဒေသတွင်းလူမှုစီးပွားအခြေအနေများကို ပိုမို ထိခိုက်လာစေနိုင်မှာဖြစ်ပါတယ်။
ထည့်သွင်းစဉ်းစားဖို့လိုအပ်
နောက်တစ်ချက်ကတော့ မိမိတို့အဖွဲ့ဝင်နိုင်ငံ များဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကာကွယ် ရေးနဲ့   စားသုံးသူကာကွယ်ရေးဆိုင်ရာ  လက်ရှိ ကျင့်သုံးနေတဲ့   ဥပဒေဘောင်များ  မြှင့်တင်ရေးကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ 


ဒီလိုထည့်သွင်းစဉ်းစားရာမှာ   ဒစ်ဂျစ်တယ် ကဏ္ဍရဲ့    နယ်နိမိတ်မရှိတဲ့   သဘောသဘာဝကို ဂရုပြုဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ ဆိုက်ဘာ လုံခြုံရေးဟာ အထူးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး   မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေနဲ့ လက်ရှိ ဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုအားကောင်းလာစေဖို့အတွက် တိုးမြှင့်လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများရဲ့  ဦးဆောင်မှုနဲ့ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုများကြောင့် တိုးတက်ဖြစ်ပေါ်မှုများ ရရှိထားပြီး ဖြစ်တဲ့အတွက်   ဝန်ကြီးများနဲ့    ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား ချီးကျူးဂုဏ်ပြုပါကြောင်း နဲ့ အဆိုပါ တိုးတက်ဖြစ်ပေါ်မှုများကို ဆက်လက် ထိန်းသိမ်း      အကောင်အထည်ဖော်ကြစေလိုပါ ကြောင်း တိုက်တွန်းအကြံပြုအပ်ပါတယ်။


ဒါ့အပြင် မိမိတို့အဖွဲ့ဝင်နိုင်ငံများဟာ သတင်း အချက်အလက်များနဲ့စပ်လျဉ်း၍       ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုခြင်း ဆောင်ရွက်လာတဲ့  နယ်စပ် ဖြတ်ကျော် လွှဲပြောင်းမှုများနဲ့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှ  ပေါ်ပေါက်လာနိုင်တဲ့   နယ်စပ် ဖြတ်ကျော်ဆောင်ရွက်မှုများနဲ့စပ်လျဉ်းတဲ့ အခက် အခဲများနဲ့ ကန့်သတ်ချက်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးအတွက်   မိမိတို့ရဲ့ ဥပဒေမူဘောင်များကို   ပြောင်းလဲပြင်ဆင်သင့်ပါ တယ်။ ဒါ့ကြောင့် မိမိတို့ နိုင်ငံသားများအပေါ်မှာ ဆိုက်ဘာလိမ်လည်မှုနဲ့ ဆိုက်ဘာအနိုင်ကျင့်မှုများ အပါအဝင် Cyber Incident များရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ အာဆီယံအဖွဲ့ဝင်အစိုးရများအနေနဲ့  အထူးအလေးထားဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။      

P စာမျက်နှာ ၄ မှ
နောက်တစ်ချက်ကတော့   ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ e-commerce ပလက်ဖောင်း တွေအပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများရဲ့ အမျိုးမျိုးသော လုပ်ဆောင်မှုတွေအတွက် တာဝန် ယူမှု၊ တာဝန်ခံမှု ပိုမိုရှိစေရေး ဆောင်ရွက်သွားကြ ရန် ဝန်ကြီးများကို အလေးအနက်ထား တိုက်တွန်း လိုပါတယ်။
အင်တာနက်အလွဲသုံးမှုများ
အဆိုပါ  ပလက်ဖောင်းများပေါ်မှာ  သတင်း အတု၊    သတင်းအမှားများ၊  ကောလာဟလများ လွှင့်တင်ခြင်း၊      အမုန်းစကားများဖန်တီးခြင်း၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်ရာရောက်တဲ့ကိစ္စရပ်များဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်း ခြင်းစတဲ့ အင်တာနက် အလွဲသုံးမှုများဟာလည်း ကမ္ဘာတစ်ဝန်း လက်တွေ့ကြုံတွေ့လာရတဲ့ ပြဿနာ များဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးသဘောတူညီမှုရှိတဲ့ Framework တစ်ခု ရေးဆွဲနိုင်ရေး တိုက်တွန်းလိုပါတယ်။
လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား
မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း     Digital Economy  ဟာ    နိုင်ငံတော်ရဲ့    လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက်   အဓိကကျတဲ့  ကဏ္ဍတစ်ခု အဖြစ် လက်ခံထားရှိပါတယ်။ ဒါ့အပြင် မိမိတို့ဟာ ဒစ်ဂျစ်တယ်အသွင်      ကူးပြောင်းခြင်းအတွက် သင့်လျော်တဲ့ အခြေခံအုတ်မြစ်များကို ချမှတ်နေပြီး ဒီလိုလုပ်ဆောင်ရာမှာ  အစိုးရ-ပုဂ္ဂလိက မိတ်ဖက် ဆက်ဆံချဉ်းကပ်မှုပုံစံနဲ့    ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါတယ်။
တက်ကြွစွာပါဝင်ခဲ့
မြန်မာနိုင်ငံဟာ အာဆီယံအသိုက်အဝန်းသို့ ၁၉၉၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တဲ့အချိန်ကစတင် ပြီး အာဆီယံရဲ့  အခြေခံမူများကို လေးစားလိုက်နာ ကာ    အာဆီယံစီးပွားရေးကောင်စီရဲ့ “ကြံ့ခိုင်မှုရှိ၍ အားလုံးပါဝင်နိုင်သော၊  ပြည်သူကို  ဗဟိုပြုသော အာဆီယံဖြစ်စေရေး” ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာလည်း  တက်ကြွစွာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာ သည့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဟာ အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင် ရေးအတွက်   အဖွဲ့ဝင်နိုင်ငံများမှ  အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတဲ့အချက်ကို     ညွှန်ပြနေ ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့  အာဆီယံရဲ့ရည်မှန်းချက်များ အကောင်အထည်ဖော် ရာမှာ  အခြားသောအာဆီယံအဖွဲ့ဝင်များနဲ့ လက်တွဲ  လုပ်ဆောင်သွားဖို့ ထပ်လောင်းကတိပြုပါတယ်။
မိမိတို့မှာ နည်းပညာနဲ့ အတွေ့အကြုံမြင့်မားတဲ့ ဆွေးနွေးဖက်နိုင်ငံများရှိနေခြင်းဟာ ကောင်းမွန်တဲ့ အနေအထားတစ်ရပ်ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေး ဖက်နိုင်ငံများထံမှ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေရရှိနိုင်တဲ့ အခွင့်အရေးများရှိနေပါတယ်။ 
ဒါပေမယ့် အာဆီယံဟာ အဆိုပါ မျှဝေမှုများကို လက်ခံရုံသာမက မိမိတို့ကိုယ်တိုင်လည်း မိမိတို့ ဒေသအတွက် ဦးဆောင်မောင်းနှင်သူအဖြစ် အားထုတ် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ မိမိတို့ရဲ့ ပန်းတိုင် နဲ့ ရည်မှန်းချက်ကို မျက်ခြည်မပြတ်စေရေး မိမိတို့ ကိုယ်တိုင် အားထုတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 
အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ    ဝန်ကြီးများ အနေနဲ့  ဒီ (၂)ရက်တာကာလအတွင်းမှာ ဆွေးနွေး ဆောင်ရွက်စရာများစွာ     ရှိနေမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အာဆီယံစီးပွားရေးကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု များမှ ပြန်လည်နာလန်ထူလာစေဖို့အတွက် တွန်းအား ပေးနိုင်စေရန် ဆွေးနွေးညှိနှိုင်းရမယ့် အချက်များစွာ လည်း ရှိနေမှာဖြစ်ပါတယ်။


တိုက်တွန်းပြောကြား


ဝန်ကြီးများနဲ့ ကိုယ်စားလှယ်များအားလုံးကို မိမိတို့   အာဆီယံဒေသအတွက်   အကောင်းဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ဒီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ စီစဉ်ခဲ့တဲ့အတွက်   မြန်မာနိုင်ငံ   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်း ပြောကြားလိုပါတယ်။ 
ဒါ့အပြင်       အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် နဲ့ ရုံးအဖွဲ့ကိုလည်း အဆွေတော်တို့ရဲ့ အောင်မြင်မှု တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုများ အားလုံးအတွက် ကျေးဇူးတင်ပါကြောင်းနဲ့ ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါကြောင်း ပြောကြားလိုပါတယ်။
2nd ADGMIN နှင့် ဆက်စပ်အစည်းအဝေးများ အားလုံး အောင်မြင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ် အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။